DVB Logo
Home
နိုင်ငံတကာ
အမေရိကန်အလံ မီးရှို့လျှင် ထောင် ၁ နှစ်ချမည့်အမိန့် ထရမ့်ပ် ထုတ်ပြန်
DVB
·
August 26, 2025
အမေရိကန်အလံ မီးရှို့လျှင် ထောင် ၁ နှစ်ချမည့်အမိန့် ထရမ့်ပ် ထုတ်ပြန်
Donate to DVB

အမေရိကန်အလံကို မီးရှို့တဲ့ ဒါမှမဟုတ် တနည်းနည်းနဲ့ မလေးမစားလုပ်တဲ့သူတွေကို တရားစွဲဆို အရေးယူဖို့ ရှေ့နေချုပ်ကို ညွှန်ကြားတဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်တရပ်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

“အလံမီးရှို့ရင် ထောင်တနှစ်ပဲ။ စောလည်းမလွှတ်ဘူး၊ ဘာမှမရဘူး” လို့ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။

ဒီအမိန့်ဟာ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ထိခိုက်လာစေနိုင်သလို တရားရုံးချုပ်က ချမှတ်ပြီး အမိန့်နဲ့လည်း ဆန့်ကျင်နေတယ်လို့ လူ့အခွင့်ရေးအဖွဲ့တွေက သတိပေးပါတယ်။

အလံတော် မလေးမစားလုပ်တဲ့လူတွေကို အရေးယူနိုင်တဲ့ ဥပဒေတွေ သုံးပြီး ချိုးဖောက်တဲ့သူတွေကို အားသွန်ခွန်စိုက် တရားစွဲဆို အရေးယူဖို့ ထရမ့်ပ်က ညွှန်ကြားခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန် အခြေခံဥပဒေ ပထမဖြည့်စွက်ချက်နဲ့ အကျုံးဝင်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ရှင်းလင်းဖွင့်ဆိုနိုင်ရေး ဥပဒေကြောင်းအရ ဆောင်ရွက်ဖို့ ထရမ့်ပ်က ညွှန်ကြားခဲ့ပါတယ်။

အခြေခံဥပဒေ ပထမဖြည့်စွက်ချက်မှာ ပုဂ္ဂိုလ်တဦးချင်းရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ထားပါတယ်။

နိုင်ငံအလံကို မီးရှို့တာ ဒါမှမဟုတ် ဖျက်ဆီးတာဟာ လွတ်လပ်စွာထုတ်ဖော်ခွင့်ထဲမှာ အကျုံးဝင်တယ်လို့ ၁၉၈၉ ခုနှစ်တုန်းက တရားရုံးချုပ်က ဆုံးဖြတ်ထားပါတယ်။

ဒါပေမဲ့ ထရမ့်ပ် အစိုးရကတော့ တရားရုံးချုပ်ရဲ့ ၁၉၈၉ ဆုံးဖြတ်မှာ အလံကို မလေးမစားလုပ်တာလို လုပ်ရပ်တွေဟာ ချက်ချင်းလက်ငင်း ဖြစ်ပေါ်လာနိုင်တဲ့ ဥပဒေမဲ့ ဆောင်ရွက်ချက်တွေကို မီးထိုးလှုံ့ဆော်ပေးတာ၊ ဥပဒေနဲ့မညီတဲ့ စော်ကားထိခိုက်စေတဲ့ စကားလုံးမျိုးတွေ ပျံ့နှံလာစေတာအထိ ကာကွယ်မပေးထားဘူးလို့ ချေပထားပါတယ်။

ထရမ့်ပ်ရဲ့ အမိန့်အရ အလံကို မလေးမစားလုပ်တဲ့သူတွေကို ပြည်နယ်နဲ့ ဒေသအဆင့်မှာတင် ထိထိရောက်ရောက် ကိုင်တွယ်ဖို့လည်း ပါရှိပါတယ်။

အလံကို မလေးမစားလုပ်တဲ့သူတွေကို ဗီဇာနဲ့ နေထိုင်ခွင့်ပါမစ်တွေ၊ နိုင်ငံသားဖြစ်ခွင့် စိစစ်မှုတွေ မပေးဘဲ ပိတ်ပစ်ဖို့၊ ရပ်စဲဖို့လည်း ပါရှိပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013