DVB Logo
Home
နိုင်ငံတကာ
ဂါဇာဆေးရုံကို အစ္စရေးတိုက်ခိုက်မှု ဂျာနယ်လစ် ၅ ဦး အပါအဝင် လူ ၂၀ ထက်မနည်း သေဆုံး
DVB
·
August 26, 2025
ဂါဇာဆေးရုံကို အစ္စရေးတိုက်ခိုက်မှု ဂျာနယ်လစ် ၅ ဦး အပါအဝင် လူ ၂၀ ထက်မနည်း သေဆုံး
Donate to DVB

ဂါဇာတောင်ပိုင်း၊ ခန်ယူနစ်မြို့မှာရှိတဲ့ နက်ဆာဆေးရုံကို ဩဂုတ် ၂၆ ရက်မှာ အစ္စရေးက နှစ်ကြိမ်တိတိ တိုက်ခိုက်ခဲ့တာကြောင့် နိုင်ငံတကာ မီဒီယာတွေအတွက် အလုပ်လုပ်ပေးနေတဲ့ ဂျာနယ်လစ် ၅ ယောက် အပါအဝင် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

သေဆုံးတဲ့ ဂျာနယ်လစ်တွေဟာ ရိုက်တာ၊ အေပီ၊ အယ်လ်ဂျာဇီးယားနဲ့ Middle East Eye သတင်းဌာနတွေအတွက် သတင်းယူပေးနေသူတွေ ဖြစ်ပါတယ်။

ကျန်းမာရေးလုပ်သား ၄ ယောက်လည်း သေဆုံးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အတည်ပြုပါတယ်။

ကနဦးတိုက်ခိုက်မှုမှာ ပစ်မှတ်ထားခံရတဲ့သူတွေကို ကူညီဖို့ ရောက်လာတဲ့ ကယ်ဆယ်ရေးသမားတွေဟာ ဒုတိယအကြိမ် တိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဗီဒီယိုမှတ်တမ်းတွေက ဖော်ပြပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ ဒီဖြစ်စဉ်ဟာ ကြေကွဲစရာ မတော်တဆမှု ဖြစ်ပြီး စစ်ဘက်အာဏာပိုင်တွေက ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးနေတယ်လို့ ထုတ်ပြန်ပါတယ်။

ဂါဇာမှာ ၂၀၂၃ အောက်တိုဘာ စစ်ပွဲစကတည်းက သေဆုံးသူ ၂၀၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။

ဂါဇာစစ်ပွဲဟာ မှတ်တမ်းတင်သမျှ သမိုင်းတလျှောက်မှာ ဂျာနယ်လစ် အသေအပျောက်အများဆုံး ပဋိပက္ခ ဖြစ်တယ်လို့ ဂျာနယ်လစ်များ အကာအကွယ်ပေးရေးကော်မတီ (CPJ) က ထုတ်ပြန်ပါတယ်။

အစ္စရေးစစ်တပ်ကလည်း မသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေ ထိခိုက်မှုအတွက် နောင်တရမိကြောင်းနဲ့ ဂျာနယ်လစ်တွေကို ပစ်မှတ်ထားတာမဟုတ်ကြောင်း ဖြေရှင်းထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013