DVB Logo
Home
မြန်မာသတင်း
ယူနတီ အယူခံ ပြည်ထောင်စု တရားလွှတ်တော်ချုပ် လက်မခံ
DVB
·
November 27, 2014
ယူနတီ အယူခံ ပြည်ထောင်စု တရားလွှတ်တော်ချုပ် လက်မခံ
Donate to DVB

ယူနတီဂျာနယ် အယ်ဒီတာနဲ့ သတင်းထောက်တွေ ထောင်ဒဏ် ချမှတ်ခံထားရတဲ့ အပေါ် အယူခံ လက်ခံမခံ လျှောက်လဲရာမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လက်မခံဘဲ ပယ်ချလိုက်တယ်လို့ ရှေ့နေ ဦးကျော်ကျော်လင်းက ပြောပါတယ်။

Unity copyနိုဝင်ဘာ ၂၆ ရက် အယူခံ လက်ခံသင့် မသင့်လျှောက်လဲတာကို လက်မခံသင့်ဘူးဆိုပြီး ပယ်ချလိုက်တာဖြစ်ပြီး အထူးအယူခံရုံးမှာ ဆက်လက်လျှောက်လဲသွားမယ်လို့ ဆိုပါတယ်။

“ပယ်ချတဲ့အဆင့်ကိုတောင် မရောက်ဘူး၊ လက်ခံသင့်မခံသင့်မှာကို လက်မခံဘူးဆိုပြီး ပယ်လိုက်တာ၊ ပယ်ပုံပယ်နည်းက အမိန့်ကို ၂ ဖက် နားထောင်ပြီးမှ ပယ်တာမဟုတ်ဘူး၊ တဖက်က ပြောတာကိုပဲ လက်မခံနိုင်ဘူးဆိုတော့ သတင်းသမားတွေကို ဒီထက်ပို့လျော့မပေးနိုင်ဘူးပေါ့။ သတင်းသမားတွေကို ဒီလောက် အပြစ်ပေးထားတော်လောက်ပြီ၊ မီးကုန်ယမ်းကုန် လုပ်ပြမယ်ဆိုတဲ့ ပုံစံရှိတယ်” လို့ ဦးကျော်ကျော်လင်းက ပြောပါတယ်။

ဇူလိုင် ၁၀ ရက်နေ့က ပခုက္ကူခရိုင် တရားရုံးမှာ ယူနတီဂျာနယ်က ဦးတင့်ဆန်းပါ ၅ ဦးကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ (၁) (က)/ ၉နဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့က မကွေးတိုင်းတရားရုံးမှာ အယူခံဝင်ခဲ့ရာမှာတော့ အယူခံဝင်ပြီး ၁ လကျော်အကြာမှာ ထောင်ဒဏ် ၃ နှစ် လျော့ချပေးခဲ့ပါတယ်။

ဇန်န၀ါရီ ၂၅ ရက်ထုတ် ယူနတီဂျာနယ်မှာ မကွေးတိုင်း ပေါက်မြို့နယ်က ကာကွယ်ရေး ပစ္စည်း စက်ရုံကို လျှိ့ဝှက်ဓာတုလက်နက် စက်ရုံခေါင်းစဉ်နဲ့ သတင်းဖော်ပြခဲ့တဲ့အတွက် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက်တွေဖြစ်ကြတဲ့ ဦးလူမော်နိုင်၊ ဦးစည်သူစိုး၊ ဦးသဲရာဇာဦးနဲ့ ဦးအောင်သူရ တို့ကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

ရန်ကုန် အခြေစိုက် အပတ်စဉ်ထုတ် ယူနတီဂျာနယ်ကတော့ ပြီးခဲ့တဲ့ဇွန်လကုန်ကတည်းက ငွေကြေးအခက်အခဲကြောင့် ထုတ်ဝေမှု ရပ်ဆိုင်းသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013