DVB Logo
Home
နိုင်ငံတကာ
ရုရှား၏ ငြိမ်းချမ်းရေးအဆိုပြုချက်ကို ဇလန်းစကီးဝေဖန်၊  ယူကရိန်းလုံခြုံရေးကို အာမခံပေးသင့်ဟု ရုရှားပြော
DVB
·
August 26, 2025
ရုရှား၏ ငြိမ်းချမ်းရေးအဆိုပြုချက်ကို ဇလန်းစကီးဝေဖန်၊  ယူကရိန်းလုံခြုံရေးကို အာမခံပေးသင့်ဟု ရုရှားပြော
Donate to DVB

ရုရှားရဲ့ ငြိမ်းချမ်းရေးအတွက် အဆိုပြုချက်တွေဟာ အမှန်တကယ် လိုက်လျောမှု မဟုတ်ဘူးလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက သြဂုတ် ၂၅ ရက်မှာ ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသအားလုံးကို စွန့်လွှတ်ဖို့၊ NATO အဖွဲ့နဲ့ ပူးပေါင်းမယ့် ရည်မှန်းချက်တွေကို စွန့်လွှတ်ဖို့၊ ဘက်မလိုက်ဘဲ အနောက်နိုင်ငံတွေရဲ့ တပ်ဖွဲ့ဝင်တွေကို နိုင်ငံပြင်ပမှာထားဖို့ တောင်းဆိုနေတယ်လို့ သတင်းရင်းမြစ်တွေက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာ့ဗ်ရော့ဗ်ကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံတစုဟာ ယူကရိန်းနိုင်ငံရဲ့ လုံခြုံရေးကို အာမခံပေးသင့်တယ်လို့ သြဂုတ် ၂၄ ရက်မှာ ထုတ်လွှင့်တဲ့ အင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။

ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသ အားလုံးကို စွန့်လွှတ်ဖို့၊ NATO အဖွဲ့နဲ့ ပူးပေါင်းရေး ရည်မှန်းချက်တွေကို စွန့်လွှတ်ဖို့၊ ဘက်မလိုက်ဘဲ အနောက်နိုင်ငံတွေက တပ်တွေကို ယူကရိန်းနိုင်ငံပြင်ပမှာ ထားရှိဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က တောင်းဆိုထားတဲ့အကြောင်း ကရင်မလင် ထိပ်တန်းအရာရှိတွေနဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ဟာ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ကိစ္စကို ဆွေးနွေးခဲ့ပြီး ပူတင်က ၂၀၂၂  ခုနှစ်က မအောင်မြင်ခဲ့တဲ့ အစ္စတန်ဘူလ် ဆွေးနွေးပွဲက ပြဿနာကို ပြန်ထုတ်ဖော်ခဲ့တယ်လို့ လာ့ဗ်ရော့ဗ်က NBC သတင်းဌာနရဲ့ Meet the Press အစီအစဉ်ကို ပြောခဲ့ပါတယ်။

ဒီဆွေးနွေးပွဲတွေမှာ ရုရှားနဲ့ ယူကရိန်းတို့ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်တဲ့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှား၊ အမေရိကန်နဲ့ တခြားနိုင်ငံတွေဆီက လုံခြုံရေး အာမခံချက် ပေးဖို့နဲ့ အပြန်အလှန်အနေနဲ့ ယူကရိန်းရဲ့ အမြဲတမ်းကြားနေရေးကို ဆွေးနွေးခဲ့ကြပါတယ်။

ဒီအဖွဲ့ထဲမှာ ဂျာမနီ၊ တူရကီနဲ့ တခြားနိုင်ငံတွေလည်း ပါနိုင်တယ်လို့ လာ့ဗ်ရော့ဗ်က ပြောပါတယ်။

အာမခံသူတွေဟာ ယူကရိန်းလုံခြုံရေးကို အာမခံရမှာဖြစ်ပြီး ကြားနေသူဖြစ်ရမယ်၊ ဘယ် စစ်ဘက် အစုအဖွဲ့နဲ့မဆို ကင်းရှင်းပြီး နျူကလီးယား ကင်းစင်ရမယ်လို့ လာ့ဗ်ရော့ဗ်က အင်တာဗျူးမှာ ပြောပါတယ်။

ယူကရိန်းက NATO အဖွဲ့ဝင်ဖြစ်ရေးဟာ ရုရှားအတွက် လက်ခံနိုင်စရာမရှိဘဲ ရုရှားက ယူကရိန်းနိုင်ငံထဲက ရုရှားစကားပြောသူတွေကို အကာအကွယ်ပေးချင်တယ်၊ ယူကရိန်းနဲ့ ပိုင်နက်ဆိုင်ရာ ဆွေးနွေးစရာတွေ ရှိနေတယ်လို့ လာ့ဗ်ရော့ဗ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဂျာမနီ ဒုတိယအဓိပတိကတော့  ရုရှားသမ္မတ ပူတင်ဟာ လေးနက်တဲ့ ငြိမ်းချမ်းရေးကို မရှာဖွေနိုင်ဘူးလို့ သတိပေးခဲ့ပြီး ယူကရိန်းရဲ့ စစ်ရေးစွမ်းရည်တွေ အားကောင်းလာစေဖို့ ဂျာမနီရဲ့ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ပါတယ်။

Source: Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013