DVB Logo
Home
နိုင်ငံတကာ
လွတ်လပ်မှုအတွက် ဆက်လက်တိုက်ပွဲဝင်မည်ဟု ဇလန်းစကီး ကြွေးကြော်
DVB
·
August 25, 2025
လွတ်လပ်မှုအတွက် ဆက်လက်တိုက်ပွဲဝင်မည်ဟု ဇလန်းစကီး ကြွေးကြော်
Donate to DVB

ငြိမ်းချမ်းရေးအတွက် တောင်းဆိုသံတွေကို နားမထောင်ကြတဲ့အချိန်မှာ ယူကရိန်းဟာ လွတ်လပ်မှုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဩဂုတ် ၂၄ ရက် ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ ပြောကြားခဲ့ပါတယ်။

“ကျုပ်တို့က ငြိမ်းချမ်းရေးပဲ လိုအပ်တာပါ။ ကျုပ်တို့အနာဂတ်ကို ကျုပ်တို့ ဆုံးဖြတ်နိုင်မယ့် ငြိမ်းချမ်းရေးမျိုးပါ” လို့ ဇလန်းစကီးက ပြောကြားခဲ့ပြီး ယူကရိန်းဟာ “သားကောင်မဟုတ်ဘဲ တိုက်ပွဲဝင်သူသာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

“ယူကရိန်းဟာ အခုထိ မနိုင်သေးပေမဲ့ မရှုံးသေးတာ ကျိန်းသေတယ်” လို့ ဇလန်းစကီးက ဆက်ပြောပါတယ်။

ယူကရိန်းဟာ ရုရှားရဲ့ လျှပ်စစ်နဲ့ စွမ်းအင်စက်ရုံတွေကို တိုက်ခိုက်ခဲ့ပြီး ကာ့စ်ဒေသအနောက်ပိုင်း နျူကလီးယားစက်ရုံတရုံ ဒရုန်းထိလို့ မီးလောင်ခဲ့တယ်လို့ ရုရှားက ထုတ်ပြန်ထားပါတယ်။

ဒရုန်းတစင်းကို ရုရှားက ပစ်ချရာကနေ စက်ရုံမီးလောင်ရတာလို့ ယူကရိန်း သတင်းတု တန်ပြန်ရေးစင်တာက ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ အဏုမြုစွမ်းအင်အေဂျင်စီ (IAEA) ကတော့ မီးလောင်မှုသတင်းကို သိရှိထားပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ ထုတ်ပြန်ပါတယ်။ နျူစက်ရုံတွေကို အချိန်တိုင်းမှာ အကာအကွယ်ပေးဖို့ လိုတယ်လို့ပါ သတိပေးခဲ့ပါတယ်။

စစ်ပွဲအတွင်း နျူစက်ရုံတွေနားမှာ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ IAEA က ထပ်တလဲလဲ သတိပေးထားပါတယ်။

တနင်္ဂနွေနေ့မှာပဲ ရုရှားနဲ့ ယူကရိန်းဟာ တဖက်ကို စစ်အကျဉ်းသား ၁၄၆ ယောက်စီ လဲလှယ်ခဲ့ကြပါတယ်။

ဇလန်းစကီးကတော့ စစ်သားတွေတင်မဟုတ်ဘဲ နယ်ခြားစောင့်တပ်ဖွဲ့ဝင်နဲ့ အရပ်သားတွေပါ ပါဝင်တယ်လို့ အတည်ပြုပါတယ်။

စစ်ပွဲစကတည်းက ပြန်ပေးဆွဲခံထားရတဲ့ သတင်းထောက် ဒီမီထရိုခီလီယွတ်ခ် ပြန်လွတ်လာပြီလို့ အတည်ပြုပါတယ်။

၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုကနေ ယူကရိန်း လွတ်လပ်ရေး ကြေညာခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ ကျင်းပတဲ့ အခမ်းအနားကို ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးလည်း တက်ရောက်ခဲ့ပါတယ်။

ကနေဒါဒေါ်လာ ၂ ဘီလီယံဖိုး ဒရုန်း၊ ခဲယမ်းနဲ့ သံချပ်ကာယာဉ်တွေ စက်တင်ဘာလောက် အစောဆုံးထား ပေးပို့သွားမယ်လို့ ဝန်ကြီးချုပ် ကာနေးက အတည်ပြုပါတယ်။ အမေရိကန်အထူးကိုယ်စားလှယ် ကိတ်သ် ကဲလော့ဂ်လည်း အခမ်းအနား တက်ရောက်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013