DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ၄ နှစ်အတွင်း စစ်တပ်က ပြည်သူ ၅,၆၀၀ ကျော်ကို သတ်ဖြတ်၊ နေအိမ် ၈၀၀ ကျော် ချိပ်ပိတ် 
DVB
·
August 25, 2025
အာဏာသိမ်း ၄ နှစ်အတွင်း စစ်တပ်က ပြည်သူ ၅,၆၀၀ ကျော်ကို သတ်ဖြတ်၊ နေအိမ် ၈၀၀ ကျော် ချိပ်ပိတ် 
1 / 4
Donate to DVB

စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်ကာလအတွင်း ပါတီဝင်တွေနဲ့ အရပ်သားတွေရဲ့ နေအိမ် ၈၃၅ လုံးကို စစ်ကောင်စီတပ်က ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဩဂုတ် ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှု ညှဉ်းပန်းနှိပ်စက်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် NLD ပါတီဝင်တွေ အပါအဝင် ပြည်သူ ၅,၆၆၆ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ဟာ NLD ပါတီဝင်နဲ့ အရပ်သားတွေရဲ့ စီးပွားရေးလုပ်ငန်း ၁၃၇ ခုနဲ့ ယာဉ် ၅၃ စီးကိုလည်း သိမ်းဆည်းခဲ့သလို တိုင်းနဲ့ ပြည်နယ်အနှံ့က NLD ပါတီရုံးပေါင်း ၁၆၇ ရုံးကိုလည်း ဖျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေ နေထိုင်တဲ့ နေရာတွေကို ဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဘာသာရေး အဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း စတဲ့ အဆောက်အအုံပေါင်း ၁၆၀၀ နီးပါး ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြည်သူတွေအပေါ် ပုံစံမျိုးစုံနဲ့ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့အတွက် နိုင်ငံတကာ လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ အခြေခံလူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ရည်ရွယ်တဲ့ ကုလသမဂ္ဂ ပဋိညာဉ်ကို ချိုးဖောက်နေတာဖြစ်တယ်လို့ NLD က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013