DVB Logo
Home
နိုင်ငံတကာ
ဂျွန်အက်ဖ်ကနေဒီစင်တာတွင် ၂၀၂၆ ကမ္ဘာ့ဖလားမဲခွဲမည် ဟု ထရမ့်ပ် ကြေညာ
DVB
·
August 23, 2025
ဂျွန်အက်ဖ်ကနေဒီစင်တာတွင် ၂၀၂၆ ကမ္ဘာ့ဖလားမဲခွဲမည် ဟု ထရမ့်ပ် ကြေညာ
Donate to DVB

၂၀၂၆ ကမ္ဘာ့ဖလား မဲခွဲမယ့်နေရာကို ဝါရှင်တန်မှာရှိတဲ့ ဂျွန်အက်ဖ်ကနေဒီစင်တာမှာ ပြုလုပ်မယ်လို့ အမေရိကန်သမ္မတ ထရမ့်ပ်က ပြောပါတယ်။ 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံးရုံးခန်းကို ကနေဒီစင်တာမှာထားရှိမယ်လို့ ထရမ့်ပ်က သောကြာနေ့ အစောပိုင်းမှာ ပြောခဲ့တာပါ။ 

ကနေဒီစင်တာကို ပြန်လည်ပြုပြင်တည်ဆောက်မှုအတွက် ဒေါ်လာ ၂၅၇ သန်း အသုံးပြုခဲ့ပြီး အမေရိကန်ရဲ့ နှစ်ပေါင်း ၂၅၀ ပြည့် အထိမ်းအမှတ်ပွဲကိုလည်း အဲ့ဒီနေရာမှာလုပ်မယ်လို့ ထရမ့်ပ်က ပြောထားပါတယ်။

“ကမ္ဘာ့အကောင်းဆုံး အားကစားပြိုင်ပွဲကို ကျနော်တို့နိုင်ငံရဲ့ ယဉ်ကျေးမှုဆိုင်ရာ ဗဟိုဖြစ်တဲ့နေရာမှာ ကျင်းပခွင့်ရတာက ဂုဏ်ယူစရာကောင်းပါ တယ်” လို့ ထရမ့်ပ်က ပြောပါတယ်။ 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မဲခွဲမှုကို ဒီဇင်ဘာလ ၅ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကနေဒါ၊ မက္ကဆီကို နိုင်ငံတို့နဲ့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး အသင်းပေါင်း ၄၈ သင်း ပါဝင်မှာဖြစ်ကာ ပွဲပေါင်း ၁၀၄ ပွဲအထိ ကစားကြမဲ့ ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ပါတယ်။ 

ကနေဒါက အုပ်စုအဆင့် ၁၀ ပွဲအပါအဝင် ၁၃ ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး မက္ကဆီကိုကလည်း ၁၃ ပွဲ လက်ခံ ကျင်းပမှာဖြစ်ပါတယ်။ 

ကျန်တဲ့ပွဲစဉ်တွေကိုတော့ အမေရိကန်နိုင်ငံရဲ့ မြို့ပေါင်း ၁၁ မြို့မှာ လက်ခံ ကျင်းပမှာဖြစ်ပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013