DVB Logo
Home
နိုင်ငံတကာ
သီရိလင်္ကာသမ္မတဟောင်း ဝစ်ကရာမဆင်းဂေး ဖမ်းဆီးခံရ
DVB
·
August 23, 2025
သီရိလင်္ကာသမ္မတဟောင်း ဝစ်ကရာမဆင်းဂေး ဖမ်းဆီးခံရ
Donate to DVB

သီရိလင်္ကာသမ္မတဟောင်း ရာနီးလ် ဝစ်ကရာမဆင်းဂေးကို ရာဇ၀တ်မှုစုံစမ်းစစ်ဆေးရေးဌာန (CID) က နိုင်ငံပိုင်ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဩဂုတ် ၂၃ ရက်မှာ ဖမ်းဆီးလိုက်ပြီး စုံစမ်းစစ်ဆေးရေးကို ဆက်လုပ်နေကြောင်း ပြည်တွင်းရုပ်မြင်သံကြားလိုင်းမှာ ဖော်ပြပါတယ်။ 

အသက် ၇၆ နှစ်ရှိ ဝစ်ကရာမဆင်းဂေးဟာ သူ့ဇနီးဖြစ်သူရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်ဖို့ လန်ဒန်ကို သွားရောက်ခဲ့မှုနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှု တခုအတွင်း ထုတ်ပြန်ချက်တခုကို မှတ်တမ်းတင်ဖို့ ကိုလံဘိုမြို့တော်ရှိ စီအိုင်ဒီ ရုံးကို ရောက်ရှိလာခဲ့ပြီးနောက်မှာ အဖမ်းခံခဲ့ရတာဖြစ် ပါတယ်။ 

သီရိလင်္ကာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက သမ္မတဟောင်းကို ဖမ်းဆီးထားကြောင်းကို ချက်ချင်း အတည်မပြုသေးသလို ဝစ်ကရာမဆင်းဂေးရဲ့ ရုံးကလည်း ရိုက်တာမှ မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို တုံ့ပြန်ခြင်း မရှိပါဘူး။ 

သီရိလင်္ကာနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ၆ ကြိမ်တိုင်တိုင် စံချိန်တင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရှေ့နေ တဦးဖြစ်တဲ့ ဝစ်ကရာမဆင်းဂေးဟာ သီရိလင်္ကာကျွန်းနိုင်ငံရဲ့ ဘဏ္ဍာရေး အကျပ်အတည်းကာလ ၂၀၂၂ ခုနှစ်မှာ သမ္မတ ဖြစ်လာခဲ့တာပါ။ 

နိုင်ငံမှာ စီးပွားရေးပြိုလဲမှုကနေ အရှိန်မြင့်လာတဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြမှုတွေကြောင့် သူ့ရှေ့မှ သမ္မတ ဂိုတာဘာယာရာဂျာပက်ခ်ဆာ သီရိလင်္ကာမှ ထွက်ပြေးကာ နောက်ပိုင်း ရာထူးမှ နုတ်ထွက်သွားခဲ့အပြီးမှာ  စည်းလုံးညီညွတ်သောအမျိုးသားပါတီ (UNP) ရဲ့ ခေါင်းဆောင်ဖြစ်သူ ဝစ်ကရာ မဆင်းဂေးဟာ သမ္မတ တာဝန်ယူခဲ့ပါတယ်။ 

ထင်ရှားတဲ့ နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးသမား မိသားစုတွေကနေ မွေးဖွားလာခဲ့ပြီး မီဒီယာမှ အထူးအာရုံစိုက်ခံခဲ့ရတဲ့ ဝစ်ကရာ မဆင်းဂေးဟာ ၁၉၇၈ ခုနှစ်တုန်းက သူ့ဦးလေးဖြစ်သူ ဂျူးနီးယပ်စ် ဂျေယေးဝက်ဒီးန် သမ္မတဖြစ်ချိန်မှာ အသက် ၂၉ နှစ်နဲ့ အသက်အငယ်ဆုံး အစိုးရ၀န်ကြီး အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ 

၁၉၉၄ ခုနှစ်မှာ သူ့ရဲ့  အကြီးတန်း လုပ်ဖော်ကိုင်ဖက် အများအပြားကို သုတ်သင်ရှင်းလင်း ပြီးနောက်မှာ ဝစ်ကရာမဆင်းဂေး ဟာ UNP ပါတီရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013