DVB Logo
Home
အားကစား
ဘရာဇီးကွင်းလယ်လူ ဒေါက်ဂလပ်လူးဝစ်ကို နော်တင်ဟမ် ခေါ်ယူ
DVB
·
August 23, 2025
ဘရာဇီးကွင်းလယ်လူ ဒေါက်ဂလပ်လူးဝစ်ကို နော်တင်ဟမ် ခေါ်ယူ
Donate to DVB

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဂျူဗင်တပ်အသင်းက ဘရာဇီးကွင်းလယ်လူ ဒေါက်ဂလပ် လူးဝစ်ကို တရာသီအငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။

အသက် ၂၇ နှစ်ရှိ ကွင်းလယ်ကစားသမားဟာ   ၂၀၂၄ ခုနှစ်ကမှ ဗီလာကနေ ဂျူဗင်တပ်ဆီပြောင်းရွှေ့သွားခဲ့တာပါ။

ဗီလာနဲ့ နောက်ဆုံးရာသီမှာ ၉ ဂိုးသွင်းခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့ လူးဝစ်ဟာ အီတလီမှာ မျှော်မှန်းထား သလောက် ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့တဲ့နောက်မှာ ပရီးမီးယားလိဂ်ဆီပြန်လာခဲ့တာပါ။

တရာသီအငှားစာချုပ် ဆိုပေမဲ့ ရာသီကုန်ချိန်မှာ အပြီးသတ်ပြောင်းရွှေ့ခွင့်လည်း ပါဝင်ပြီး နော်တင်ဟမ်ရဲ့ ရည်မှန်းချက်တွေကြောင့် ပရီးမီးယားလိဂ်ဆီပြန်လာခဲ့တာဖြစ်ကြောင်း လူးဝစ်က စာချုပ်ချုပ်ဆိုအပြီးမှာ ပြောပါတယ်။

နော်တင်ဟမ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်စစ်ကစားသမား ၃ ယောက် ဖြစ်တဲ့ ကာလီမူအမ်ဒို၊ ဟတ်ချင်ဆန်နဲ့ မက္ကာသီတိုကို ပေါင်သန်း ၁၀၀ လောက်နဲ့ ခေါ်ယူထားတာ ဖြစ်ပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013