
ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ အဘွားအို အီသဲလ်ကတ်တာဟမ်ဟာ သူ့ရဲ့ အသက် ၁၁၆ နှစ်ပြည့် မွေးနေ့ပွဲကို မိသားစုနဲ့အတူ ဗြိတိန်နိုင်ငံ၊ အင်္ဂလန်၊ ဆာရီးက သူ့နေအိမ်မှာပဲ တိတ်တဆိတ်ကျင်းပခဲ့ပါတယ်။
ကတ်တာဟမ်ဟာ မေလကတည်း ကမ္ဘာ့အသက်အကြီးဆုံးဖြစ်လာခဲ့တာဖြစ်ပြီး ဂင်းနစ်ကမ္ဘာ့စံချိန် ပြုစုရေးအဖွဲ့က တရားဝင်အသိအမှတ်ပြုထားတာဖြစ်ပါတယ်။
၁၉၀၉ ခုနှစ် ဩဂုတ် ၂၁ ရက်မှာ မွေးဖွားခဲ့တဲ့ ကတ်တာဟမ်ဟာ မွေးချင်း ၈ ယောက်မှာ ဒုတိယမြောက်သမီးဖြစ်ပါတယ်။
လက်ရှိ မြေး ၃ ယောက်၊ မြစ် ၅ ယောက်ရှိပြီး သမီး ၂ ယောက်ကတော့ ကွယ်လွန်သွားကြပြီဖြစ်ပါတယ်။
အသက်ရှည်ဖို့အတွက် နည်းလမ်းက ကိုယ်မြတ်နိုးတဲ့ ဝါသနာကို ရှာဖွေတွေ့ရှိဖို့နဲ့ အဲဒီဝါသနာကတဆင့် မိတ်ဆွေဖွဲ့ဖို့ ဖြစ်တယ်လို့ ကတ်တာဟမ်က ပြောကြားခဲ့ဖူးပါတယ်။
အဘွား ကတ်တာဟမ်ရဲ့ ၁၁၆ နှစ်ပြည့်မွေးနေ့မှာ ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားဖြစ်တဲ့ အသက် ၁၁၂ နှစ်အရွယ် ဘရာဇီးနိုင်ငံသား ဂျောင်မာရင်ညိုနီတို့က မွေ့နေ့ဆုတောင်းစကားပေးပို့ခဲ့ပါတယ်။
Source:Reuters











