DVB Logo
Home
နိုင်ငံတကာ
HarmBlock AI စမတ်ဖုန်းသစ်က လိင်ပိုင်းဆိုင်ရာအလွဲသုံးမှုများကို တားဆီးပေး
DVB
·
August 22, 2025
HarmBlock AI စမတ်ဖုန်းသစ်က လိင်ပိုင်းဆိုင်ရာအလွဲသုံးမှုများကို တားဆီးပေး
Donate to DVB

ကလေးတွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ ဉာဏ်ရည်တုစွမ်းအင်သုံး HarmBlock AI စမတ်ဖုန်းအသစ်ဟာ ကုဒ်ဝှက်ထားခြင်း၊ VPN ကိုအသုံးပြုခြင်းတွေနဲ့ မသက်ဆိုင်ပဲ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် အလွဲသုံးစားလုပ်တဲ့ အကြောင်းအရာတွေကို ဖုန်းမှ ပေးပို့တာ၊ လက်ခံတာတွေကို တားဆီးပေးလိမ့်မယ်လို့  SafeToNet ဆိုက်ဘာလုံခြုံရေးကုမ္ပဏီက ပြောပါတယ်။

HarmBlock AI ဖုန်းကို ဖင်လန်နိုင်ငံ ဖုန်းထုတ်လုပ်ရေးကုမ္ပဏီ (HMD) နဲ့ UK မှ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ VodafoneThree တို့ ပူးပေါင်းတီထွင်တာဖြစ်ပါတယ်။

ကိုယ်လုံးတီး ညစ်ညမ်းအကြောင်းအရာတွေကို ကြည့်ရှုခြင်း၊ ဖန်တီးခြင်း၊ မျှဝေခြင်းတို့ကို တားဆီးပေးတဲ့ စက်ပစ္စည်းအတွင်းမှာ သီးသန့် အလုပ်လုပ်တဲ့ နည်းပညာကို အသုံးပြုထားတာ ဖြစ်ပါတယ်။

ဖုန်းတီထွင်သူ၊ SafeToNet ကို ပူးတွဲတည်ထောင်သူ ရစ်ချတ်ပါဇေက“ကျနော်တို့ဟာ Harmblock အကြောင်းအရာ စိစစ်မှုဆိုင်ရာ ဆော့ဖ်ဝဲကိုယူပြီး ဖုန်းရဲ့  လည်ပတ်မှုစနစ် (Operating System-OS) ထဲ တိုက်ရိုက် ထည့်သွင်းလိုက်ပါတယ်။ OS လည်ပတ်မှုစနစ် မှာ Harmblock ဖုန်းက ညစ်ညမ်းတဲ့အကြောင်းအရာတွေကို ကြည့်ရှုခြင်း၊ မမြင်အပ် မကြည့်အပ်တဲ့  အကြောင်းအရာတွေကို ရိုက်ကူးခြင်း၊ အဲဒါကို မျှဝေခြင်းနဲ့ သိမ်းဆည်းခြင်းတို့ကို တားဆီးပေးပါတယ်” လို့ ပြောပါတယ်။

ကမ္ဘာတဝန်းက မိဘတွေနဲ့ ကလေးတွေဆီက အကြံပြုချက်တွေ ထည့်သွင်းထုတ်လုပ်ထားတဲ့ HMD Fuse စမတ်ဖုန်းဟာ တည်နေရာခြေရာခံခြင်း၊ သူစိမ်းတွေကို တားဆီးဖို့ တရားဝင် စာရင်းသွင်းထားတဲ့ အဆက်အသွယ်တွေနဲ့ မိဘခွင့်ပြုချက် လိုအပ်တဲ့ အက်ပ်ကန့်သတ်ချက်တွေကို ထည့်ပေးထားကြောင်း ဆိုပါတယ်။

ဒီစက်ပစ္စည်းဟာ အင်တာနက်နဲ့ အက်ပ်တွေကို အလိုအလျောက် အသုံးမပြုနိုင်အောင် လုပ်ဆောင်ထားပြီး လုံခြုံမှုကို အဓိကထားပါတယ်။

စက်တင်ဘာလမှာ စတင်မယ့် ယူကေကျောင်းဖွင့်ရာသီ မတိုင်ခင်မှာ ဒီကြေညာချက်ဟာ အသက် ၁၁ နှစ်မှ ၁၆ နှစ်ကြား ကလေးငယ်တွေအကြား လိင်ပိုင်းဆိုင်ရာ ပုံတွေ အများအပြား ရှိနေခြင်းကို မီးမောင်းထိုးပြနေတဲ့ Vodafone Three ရဲ့ ကမ်ပိန်းနဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဒီကမ်ပိန်းဟာ လူငယ်တွေအကြားမှာ မဖွယ်မရာ အကြောင်းအရာတွေကို လက်ခံရရှိပြီး မျှဝေနေတာတွေကို ပြသထားတဲ့ စိုးရိမ်စရာ အချက်အလက်တွေကို ဖော်ပြထားပြီး၊ ပိုမိုလုံခြုံတဲ့ ဒစ်ဂျစ်တယ် ကိရိယာတွေ လိုအပ်ကြောင်း အလေးပေးညွှန်ပြထားပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013