DVB Logo
Home
မြန်မာသတင်း
နည်းဥပဒေ ဆောလျင်စွာထုတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည် အရေးကြီးအဆိုတင်
DVB
·
November 26, 2014
နည်းဥပဒေ ဆောလျင်စွာထုတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည် အရေးကြီးအဆိုတင်
Donate to DVB

ပြဋ္ဌာန်းပေးထားတဲ့ ဥပဒေတွေကို နိုင်ငံတော်ရဲ့ လိုအပ်ချက်နဲ့အညီ အကောင်အထည် ဖော်နိုင်ရေးအတွက် နည်းဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို အချိန်နဲ့တပြေးညီ ဆောလျင်စွာထုတ်ပြန်ပေးဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်က အရေးကြီးအဆို တင်သွင်းလိုက်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အရေးကြီးအဆို တင်သွင်းလိုက်တာပါ။

DASSKatGermany12042014ဒေါ်အောင်ဆန်းစုကြည်က “ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ရဲ့ အဓိကတာဝန်ကတော့ ပြည်သူနဲ့ နိုင်ငံကို အကျိုးပြုမယ့် ဥပဒေများထုတ်ပြန်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဥပဒေတွေဟာ ထိရောက်မှုရှိမှ တကယ်ပဲ ပြည်သူတွေရဲ့ ဘ၀တွေအပေါ်မှာ ထိရောက်မှု ရှိမှသာ ကျမတို့ဟာ ပြည်သူ့အကျိုးပြုနိုင်တယ်လို့ ဆိုနိုင်မှာပါ။ တောင်သူလယ်သမားများ အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို (၈-၁၀-၂၀၁၃) ခုနှစ် ကတည်းက ကျမတို့ ပြဋ္ဌာန်းပြီးသားပါ။ ဒါပေမယ့် ဒီဥပဒေဟာလည်း နည်းဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ ထွက်မလာသေးတာကြောင့် ထိရောက်မှု မရှိနိုင်ပါဘူး။ မရှိတဲ့အတွက်ကြောင့် ကျမတို့တောင်သူလယ်သမားများဟာ အခုထက်ထိ ကြွေးတွင်းထဲ နစ်နေတဲ့ဒုက္ခ၊ နည်းပညာများ မဆောင်နိုင်တဲ့ဒုက္ခ၊ ဈေးကွက်မှာ မယှဉ်နိုင်တဲ့ဒုက္ခ၊ အဘက်ဘက်မှာ အကျပ်အတည်းတွေ ရှိလွန်းလို့ ကိုယ့်အိမ်ကိုယ့်ယာပစ်ပြီးတော့ တခြားမှာသွားပြီးတော့ အလုပ်လုပ်ရတဲ့ ဒုက္ခတွေနဲ့ အများကြီး ရင်ဆိုင်နေကြရပါတယ်” လို့ ဆွေးနွေးတင်ပြသွားပါတယ်။

အခုလို နည်းဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းဥပဒေတွေ မထွက်နိုင်သေးတဲ့အတွက် ပြည်သူတွေရဲ့ ယုံကြည်မှုဟာ ကျဆင်းသွားနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးရာမှာ ထည့်သွင်းပြောဆိုပါတယ်။

“ပြဋ္ဌာန်းပြီးသား ဥပဒေတွေအတွက်တောင်မှ နည်းဥပဒေတွ စည်းမျဉ်းစည်းကမ်း ဥပဒေတွေဟာ မထွက်နိုင်သေးဘူးဆိုရင် နောင်ကျမတို့ ပြဋ္ဌာန်းမယ့် ဥပဒေတွေအတွက် နည်းဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေဟာ ဘယ်တော့မှ ထွက်နိုင်မလဲဆိုတာ ကျမတို့ စဉ်းစားစရာဖြစ်ပါတယ်။ အရှေ့က လွှတ်တော်ကနေပြီးတော့ ဥပဒေတွေ ပြဋ္ဌာန်းသွား၊ ပြဋ္ဌာန်းသွား အနောက်ကနေ နည်းဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေက မှီအောင်လို့ မလိုက်နိုင်ရင် ဥပဒေတွေ ပြဋ္ဌာန်းချက်တွေဟာ လုပ်ပြချက်တွေလိုပဲ ဖြစ်လာပါလိမ့်မယ်။ ပြည်သူလူထုရဲ့ ယုံကြည်မှုဟာလည်း ကျဆင်းလာပါလိမ့်မယ်။ ဥပဒေတွေသာ ပြဋ္ဌာန်းတယ်ဆိုတယ် မိမိတို့ရဲ့ ဘ၀တွေဟာ ဘာမှ မထူးခြားလာဘူး ဘယ်လိုမှ မတိုးတက်လာဘူးဆိုပြီး ပြည်သူတွေဟာ မြင်လာရင် ကျမတို့နိုင်ငံရဲ့ ဥပဒေပြုရေးမဏ္ဍိုင်ရော အုပ်ချုပ်ရေးမဏ္ဍိုင်ရော ပြည်သူရဲ့ မျက်စိထဲမှာ ပြည်သူရဲ့ အမြင်မှာ သိက္ခာကျပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးကြီးအဆိုကို ပြည်ခိုင်ဖြိုးပါတီအမတ် သူရဦးအောင်ကိုက ထောက်ခံဆွေးနွေးခဲ့သလို ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးကလည်း ဒီအဆိုမှန်ကန်ကြောင်း ထောက်ခံ ပြောကြားခဲ့ပါတယ်။

အဲ့ဒီနောက် အရေးကြီးအဆိုကို ကန့်ကွက်သူမရှိဘဲ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

ကျင်းပခဲ့ပြီး လွှတ်တော်အရပ်ရပ်ထဲ ပြီးခဲ့တဲ့ ၁၀ ကြိမ်မြောက်လွှတ်တော်အထိ  ဥပဒေပေါင်း ၁၂၀ ကျော် အတည်ပြု ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီထဲ တိုင်းပြည်လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းလောက် ပမာဏရှိတဲ့ တောင်သူလယ်သမား၊ အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ နည်းဥပဒေတွေ ထွက်ပေါ်မလာသေးတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013