DVB Logo
Home
နိုင်ငံတကာ
ရုရှား တိုက်ခိုက်မှုကြောင့် ယူကရိန်းတွင် ၈ ဦးထက်မနည်း သေဆုံး
DVB
·
August 20, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ကိယဗ်မြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေကို ရုရှားက ဘယ်လစ်စတစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် လူ ၈ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

လူနေအဆောက်အအုံတွေနဲ့ ကုန်လှောင်ရုံတွေ ဩဂုတ် ၂၀ ရက် မှာ အဓိက တိုက်ခိုက်ခံရတာလို့ ယူကရိန်း အရေးပေါ်ဝန်ဆောင်မှုအဖွဲ့က ပြောပါတယ်။

ရုရှားရဲ့ ညလုံးပေါက်တိုက်ခိုက်မှုတွေကြောင့် ကျောင်းတကျောင်းနဲ့ ကလေးဆေးရုံတရုံ ပျက်ဆီးခဲ့ကာ လူ ၃၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ကိယက်ဗ်မြို့ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ပစ်မှတ်ထားခဲ့တာကြောင့် နေအိမ် ထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြီး ပြင်လည်ပြင်ဆင်ဖို့ ကြိုးစားနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ရုရှားစစ်တပ်ကတော့ ကိယက်ဗ်မြို့မှာရှိတဲ့ ဒရုန်းထုတ်လုပ်ရေးစက်ရုံတရုံနဲ့ ခဲယမ်းမီးကျောက် သိုလှောင်ရုံတခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကိယက်ဗ်မြို့ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ညတိုင်းနီးပါး တိုက်ခိုက်ခံနေရပြီး လူဒါဇင်နဲ့ချီ သေဆုံးသလို ဒဏ်ရာရသူ အရေအတွက်လည်း များပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့အပတ်ကစပြီး ယူကရိန်းရှိ ဒေသ ၁၂ ခုကျော်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ ယူကရိန်းသမ္မတ ဇလန်းစကီးက ရုရှားဟာ ဒရုန်း ၁,၅၅၀ ကျော် အသုံးပြုခဲ့ပြီး လေကြောင်းဗုံး ၁,၅၆၀ နဲ့ ဒုံးကျည် ၆၂ လုံး သုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ ပြောထားပါတယ်။

ယူကရိန်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကစလို့ ရုရှားနိုင်ငံအတွင်းပိုင်းကို တိုးပြီး တိုက်ခိုက်မှု ပြုလုပ်ခဲ့ကာ မော်စကိုမြို့ကို ဒရုန်း ၆၀၀ သုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။

ဒီတပတ်အတွင်း ရုရှားကို တိုက်ခိုက်မှု နှစ်ကြိမ်မှာ လူ ၁၆ ယောက်ထက်မနည်း သေဆုံးပြီး ကလေးတယောက် သေဆုံးခဲ့ပါတယ်။

နှစ်ဖက်စလုံးက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ အပြန်အလှန် စွပ်စွဲထားပါတယ်။

ရုရှားတိုက်ခိုက်တာနဲ့ပတ်သက်ပြီး ယူကရိန်းနဲ့ ထိစပ်နေတဲ့ ရိုမေးနီးယားနဲ့ ပိုလန်နိုင်ငံတို့ကလည်း သူတို့ပိုင်နက်အတွင်း ဒရုန်းဝင်ရောက်မှုနဲ့ လေကြောင်းကာကွယ်မှုတွေလုပ်ဖို့ ပြင်ဆင်ထားတဲ့ အကြောင်းတွေ ထုတ်ပြန်ထားပါတယ်။

ရိုမေးနီးယားနိုင်ငံကလည်း ဒရုန်းတစင်း သူတို့နိုင်ငံရဲ့ မြောက်ပိုင်း နယ်စပ်ကနေ ဖြတ်သန်းစဉ် ပျက်ကျခဲ့တယ်လို့ ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပိုလန်နိုင်ငံကလည်း ယူကရိန်းနဲ့ ထိစပ်နေတဲ့ အရှေ့တောင်နယ်စပ်မှာ လေကြောင်းကာကွယ်မှု စစ်ဆင်ရေး စတင်ထားတယ်လို့ ပိုလန်စစ်တပ်က ပြောထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013