DVB Logo
Home
မြန်မာသတင်း
ထားဝယ်ရေနက်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံဖို့ ဂျပန်နဲ့ထိုင်းတို့ လက်တွန့်နေ
DVB
·
November 26, 2014
ထားဝယ်ရေနက်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံဖို့ ဂျပန်နဲ့ထိုင်းတို့ လက်တွန့်နေ
Donate to DVB

၆ လကြာ ရပ်ဆိုင်းထားတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း ပြန်စဖို့ အဓိကရင်းနှီးမြှုပ်နှံကြမယ့် ဂျပန်နဲ့ ထိုင်းနိုင်ငံတို့က ရင်းနှီးမြှုပ်နှံကြဖို့ လက်တွန့်နေကြတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ လောင်းလုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်စိုးရဲ့ စီမံကိန်း ပြန်စဖို့ အစီစဉ်ရှိမရှိ မေးမြန်းချက်ကို အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာကံဇော်က ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

[caption id="attachment_72048" align="alignright" width="450"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]

ဝန်ကြီးက ဒီစီးပွားရေးဇုန်ကြီးဟာ အင်မတန် ကြီးမားကျယ်ပြန်တဲ့အတွက် တဆင့်ချင်းလုပ်ဆောင်နေကြောင်း၊  ရှေ့နှစ်ဆို ၅ နှစ်ပြီးလို့ နောက်ထပ် ၃ နှစ်စီမံကိန်း ဆက်လုပ်နေကြာင်း၊ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ရင်းနှီးမြှုပ်နှံဖို့ လက်တွန့်နေကြကြောင်း၊ အစိုးအနေနဲ့ တဖြည်းဖြည်း အကောင်အထည်ဖော်သွားမယ်လို့ ပြောကြောင်း ဦးအောင်စိုးက ဆိုပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ လောက် ရင်းနှီးမြှုပ်နှံရမှာ ဖြစ်တဲ့အတွက် အခုလို လက်တွန့်နေကြတာလို့ သိရပါတယ်။

ဂျပန်က လတ်တလော သီလ၀ါအထူးစီးပွားရေးဇုန်မှာ လုပ်ဆောင်နေပြီး အဲ့ဒီစီမံကိန်းကိုပဲ အားထည့်လုပ်ဆောင်နေကာ ထိုင်းအစိုးရအနေနဲ့တော့ သူတို့ အစိုးရတဖွဲ့တည်းနဲ့ ထားဝယ်စီမံကိန်း ကို လုပ်ဆောင်နိုင်စွမ်း မရှိ ဖြစ်နေတာပါ။

ထားဝယ်ရေနက်စီမံကိန်း စတင်ခါစက အီတာလျှံထိုင်းကုမ္ပဏီ ၀င်ရောက်လာပြီး ရှေ့ပြေးလုပ်ငန်းတွေဖြစ်တဲ့ ကားလမ်းဖောက်ခြင်းလုပ်ငန်း လုပ်ဆောင်ခဲ့ပါတယ်။ အခုတော့ အီတာလျှံထိုင်းကုမ္ပဏီ ထွက်ခွာသွားတာပဲ တနှစ်လောက်ရှိခဲ့ပါပြီ။

လောင်းလုံမြို့နယ်အတွင်းနေထိုင်ကြတဲ့ ဒေသခံလူငယ် ၈၀ ရာခိုင်နှုန်းလောက်ဟာ ထိုင်းနိုင်ငံသွားပြီး အလုပ်လုပ်နေကြရတာမို့ ထားဝယ်ရေနက်စီမံကိန်း အကောင်အထည်ပေါ် လာရင် ဒေသခံလူငယ်တွေ အလုပ်ရဖို့ မျှော်လင့်ပြီး လွှတ်တော်ထဲ မေးခွန်းမေးခဲ့တာလို့ ဦးအောင်စိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၀ ကြိမ်မြောက် လွှတ်တော်တရပ်အတွင်း ထိုင်းနဲ့ မလေးရှားမှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေပြန်လာရင် သီလ၀ါနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း တွေမှာ အလုပ်ပေးနိုင်မယ်လို့ အလုပ်သမားဒုဝန်ကြီးတယောက်က ဖြေကြားခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013