DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံမှ နေရပ်ပြန်ပို့ခံရပြီး စစ်သားစုဆောင်းခံရသူများတွင်  အမျိုးသမီးများ ပါဝင်လာ
DVB
·
August 21, 2025
ထိုင်းနိုင်ငံမှ နေရပ်ပြန်ပို့ခံရပြီး စစ်သားစုဆောင်းခံရသူများတွင်  အမျိုးသမီးများ ပါဝင်လာ
Donate to DVB

ထိုင်းနိုင်ငံ၊ ရနောင်းအချုပ်ထောင်ကနေ ၈ လအတွင်း  နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား ၁,၀၀၀ ကျော်ထဲကနေ  စစ်တပ်က စစ်မှုထမ်းအသက်ပြည့်မီတဲ့ အမျိုးသမီးတွေကိုပါ တပ်သားသစ်အဖြစ် စုဆောင်းနေတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

ရနောင်းမြို့ အချုပ်ထောင်မှာ ပြစ်ဒဏ်ကျနေတဲ့ မြန်မာနိုင်ငံသားတွေကို ၈ လအတွင်း နေရပ်ပြန်လည်လွှဲပြောင်းပို့ဆောင်နေတာ ၇ ကြိမ်အထိရှိပြီဖြစ်ပြီး မြန်မာဘက်ပြန်ပို့ခံရတဲ့ အမျိုးသားတွေတင်မက အမျိုးသမီးတွေပါ စစ်မှုထမ်းဥပဒေအရ အဓမ္မတပ်သားသစ် စုဆောင်းခံနေရတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ် ၁၅ ရက်မှာ ထိုင်းဘက်ကနေ လွှဲပြောင်းပေးခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို စစ်တပ် တပ်ရင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စစ်မှုထမ်းအသက်ပြည့်မီတဲ့ အမျိုးသမီးလူငယ်ကိုပါ စတင်ခေါ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ  ရနောင်းအချုပ်ထောင်ကနေ ၈ လ အတွင်း မြန်မာ ၁,၀၀၀ ကျော်ကို ကော့သောင်းဘက် လွှဲပြောင်းကာ နေရပ်ပြန်ပို့ခဲ့ပြီး စစ်မှုထမ်းအတွက် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့သူတွေ အများအပြားရှိနေပါတယ်။

ကော့သောင်းဒေသခံတယောက်က “အမျိုးသမီးတွေလည်းပါသွားတယ်။ အခုတခေါက်က ခေါ်ထုတ်မရလို့ မိသားစုဝင်တွေက စိတ်အတော်ပူနေကြရတယ်။ နယ်ခံလူငယ် ၇ ဦး၊ ၈ ဦး‌လောက် ပါသွားတယ်လို့ ကြားပါတယ်။ မိသားစုဝင်တွေအနေနဲ့ ကော့သောင်းဘက်လွှဲရင် တခြားနယ်တွေက မိသားစုတွေဆီ ဆက်သွယ်မရ၊ ဘယ်ရောက်မှန်းလည်းမသိ၊ အချုပ်ကျလည်းမသိ၊ လွတ်လည်းမသိတဲ့ အဲ့လိုလူတွေရဲ့မိသားစုတွေကတော့ ပါမပါမသိရသလို သေသွားလည်းမသိကြရပါဘူး။ တချို့ဆို ထိုင်းအချုပ်မှာကတည်းက ဖုန်းတွေ အသိမ်းခံထားရပါတယ်၊ ထိုင်းဘာသာ မတတ်ကြတော့ ပြန်လည်း မတောင်းတတ်ကြပါဘူး၊ ကော့သောင်းကနေ ပါတဲ့သူတွေလောက်ပဲ မိသားစုဝင်တွေကို ဆက်သွယ်နိုင်ပြီး ထုတ်ဖို့ငွေပုံပေး ခေါ်ထုတ်ကြတာပါ”လို့ ပြောပါတယ်။

စစ်တပ်က နေရပ်ပြန်ပို့ခံရတဲ့သူတွေကို စိစစ်ရာမှာ နိုင်ငံပြင်ပကို ခိုးထွက်ပြီးမိတဲ့သူ၊ ပြစ်မှုကျူးလွန်တဲ့အတွက် ဖမ်းမိသူဆိုပြီး တဦးချင်းစီရဲ့အမှုတွေကို ဖော်ပြကာ စိစစ်နေတာလို့ ဆိုပါတယ်။

အဲ့ဒီအတွက် မြန်မာပြည်ဘက်မှာလည်း ပြစ်ဒဏ်ထပ်ကျခံရဖို့ရှိတဲ့အတွက် လွတ်ချင်ရင် စစ်မှုထမ်းရမယ်ပြောပြီး လက်မှတ်ထိုးခေါ်ဆောင်သွားတာတွေလည်းရှိတယ်လို့ ကော့သောင်း ဒေသခံက ပြောပါတယ်။

နေရပ်ပြန်ပို့သူတွေထဲက စစ်မှုထမ်းအကျုံးဝင်တဲ့ လူတွေကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ပြီး လေ့ကျင့်ရေးသင်တန်းကျောင်းတွေကို ပို့ဆောင်ကာ အခြေခံစစ်ပညာသင်တန်း တလတောင်မပြည့်ဘဲ ရှေ့တန်းစစ်မျက်နာကို စေလွှတ်ခံရတဲ့ လူငယ်တပ်သားသစ်တွေလည်း အများအပြားရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

“ကြားရသလောက်ဆိုရင် မဖြစ်မနေစစ်မှုထမ်းစုဆောင်းချိန်မှာ အမျိုးသမီးတွေလည်း ပါသွားတယ်လို့ သိရတယ်။ မြေပြင်က တချို့တိုက်ပွဲတွေမှာ စကစဘက်က အမျိုးသမီးတွေလည်း ပါဝင်လာတာလို့ သိရတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မဖြစ်မနေ၊ ရတဲ့နည်းနဲ့ လုပ်ဖို့ နယ်မြေစိုးမိုးဖို့လိုတယ်။ အင်အားဖြည့်ဖို့အတွက် ရတဲ့နေရာကနေ လူသားအရင်းအမြစ်တွေကို ဆွဲစုမယ်။ စစ်မှုမထမ်းမနေရ အတင်းအဓမ္မစုဆောင်းတယ်လို့ မြင်ပါတယ်။ ကျနော်တို့ ကြားရတဲ့သတင်းတွေမှာဆိုရင် ဒရုန်းထိန်းတဲ့အပိုင်းတွေမှာ စကစက အမျိုးသမီးစစ်သည်တွေ သုံးထားတယ်လို့သိရတယ်။ လွန်ခဲ့တဲ့ ၂ လလောက်က သိန်ခွန်း-ချောင်း နစ်ပေါက်ကြားက တိုက်ပွဲတွေမှာ အမျိုးသမီးစစ်သည်တွေ ကိုယ်တိုင် တိုက်ပွဲမှာပါဝင်နေတာကို ကျနော်တို့ရဲဘော်တွေ ကိုယ်တိုင်မျက်မြင်တွေ့ရပါတယ်။”

နေရပြန်ပို့ခံရပြီး စစ်မှုထမ်းပါသွားတဲ့သူတွေဟာ ကော့သောင်းမြို့နယ်၊ ခြောက်မိုင်ရွာအခြေစိုက် ခလရ ၂၆၂ တပ်ရင်းတွေဆီမှာ ထိန်းသိမ်းခံထားရပြီး မြိတ်၊ ပုလောနဲ့ ပလောက်မြို့တွေက လေ့ကျင့်ရေးသင်တန်းကျောင်းတွေကို စေလွှတ်ခံနေရတယ်လို့ သိရပါတယ်။

ထိုင်းမှာ အလုပ်လုပ်ကိုင်တဲ့သူတွေ၊ တရားမဝင်လမ်းကြောင်းကနေလာကြသူတွေနဲ့ နိင်ငံရေးအခြေအနေအရ ထွက်လာကြရတဲ့ မြန်မာနိုင်ငံသားတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းမှာ ဖမ်းဆီးချုပ်နှောင်ခံရပြီး နေရပ်ပြန်ပို့ခံရတဲ့အတွက် စစ်တပ်ရဲ့ စစ်သားသစ်စုဆောင်းခံနေရတာ ဖြစ်ပါတယ်။

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013