DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာ ၂ ဦးအတွက် အာမခံ ငြင်းပယ်
DVB
·
November 26, 2014
လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာ ၂ ဦးအတွက် အာမခံ ငြင်းပယ်
Donate to DVB

မြန်မာအစိုးရဘက်က ကိုယ်စားလှယ်တွေဟာ ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ မြန်မာလူငယ် ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးအတွက် ကော့စမွီတရားရုံးကြီးမှာ အာမခံရရှိရေး လျှောက်ကြားချက်ကို တရားရုံးက ငြင်းပယ်ခဲ့ပါတယ်။

Koa Toaအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ အတူ ထိုင်းနိုင်ငံကို လိုက်ပါသွားတဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ မြန်မာသံရုံးအထူးအဖွဲ့ဝင်တွေ၊ ထိုင်းရှေ့နေများကောင်စီဝင် တွေနဲ့အတူ ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွီကျွန်းကို သွားရောက်ပြီး ဒီနေ့ အာမခံလျှောက်ကြတာဖြစ်ပါတယ်။

အာမခံငြင်းပယ်ခံရတယ်လို့ မြန်မာသံရုံးအထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“ကျနော်တို့ အာမခံလျှောက်ထားတယ်။ ဒါပေမယ့် တရားရုံးက အာမခံလျှောက်တာကို ခွင့်မပြုခဲ့ပါဘူး။ သံရုံးဆိုတာကတော့ နိုင်ငံတော်ရဲ့ အကြီးအကဲပါပဲ။ သံရုံးကနေပြီးတော့ ဒီဟာကို အာမခံတယ်ဆိုတဲ့ သဘောပါ၊ ဒါကို သူတို့ ခွင့်မပြုခဲ့တာပါ။ ရှေ့နေများကောင်စီက ပြောတာကတော့ ဘတ်ငွေ ၅ သိန်းစီ တင်ရမယ်ဆိုတဲ့ပုံစံမျိုးဆို ပိုကောင်းတယ်ပေါ့။ ဒါပေမယ့် အဲဒီအစား ကျနော်တို့ကလည်း သံရုံးအာမခံနဲ့ တင်တာပါ။ ဒါပေမယ့် အခုလို သံရုံးအာမခံတခုတည်းနဲ့ အဆင်မပြေဘူးဆိုရင် နောက်အပတ်ကျရင် ကျနော်တို့က သံရုံးအာမခံကော၊ ငွေအာမခံကော ပြန်ပြီးတော့ အမြန်ဆုံးစီစဉ်ပြီး တင်နိုင်အောင် ကြိုးစားပါမယ်။”

ဒီလျှောက်ကြားမှုဟာ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ လာရောက်ပြီးနောက် အာမခံကိစ္စကို ဆောင်ရွက်ချက် ဖြစ်ပါတယ်။

တရားရုံးကနေ အပြန်မှာ ကော့စမွီအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးကို သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။

ဦးအောင်မျိုးသန့်က “ကလေးတွေ သွားတွေ့ကြပါတယ်။ ကလေးတွေ ကျန်းမာရေး ကောင်းကြပါတယ်။ အဓိကကတော့ ကလေးတွေက ဒီပုဒ်မနဲ့ပတ်သက်လို့ သူတို့ ကျူးလွန်ခြင်း မရှိလို့ သူတို့ကို ဒီအမှုကနေ လွတ်အောင် ၀ိုင်းဝန်းကူညီပေးကြပါလို့ ပြောကြပါတယ်။ ထူးခြားမှုကတော့ လူကြီးတွေနဲ့ အကျဉ်းဦးစီးဌာနမှာ သွားပြီးတော့ ကလေးတွေနဲ့ တွေ့တဲ့အခါမှာ ကလေးတွေရဲ့ အားတက်သရော ပြောတဲ့အသံနဲ့ သူတို့ကို ကူညီပေးဖို့။ သူတို့လည်း ပိုပြီးတော့ ၀မ်းမြောက်ဝမ်းသာဖြစ်တာတွေပါလာပါတယ်။ ဒါပေမယ့် တရားရုံးအနေနဲ့က ပထမဆုံးအတွေ့အကြုံအရ အာမခံ မရပေမယ့်လည်း ကျနော်တို့ အာမခံနဲ့ပတ်သက်တဲ့ အတွေ့အကြုံကို ရခဲ့ပါတယ်” လို့ ပြောပါတယ်။

ဒီခရီးစဉ်ကအပြန်မှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ထံတင်ပြပြီး ရှေ့နေများကောင်စီနဲ့ တွေ့ဆုံမှာဖြစ်သလို အချက်အလက်ပြည့်ပြည့်စုံစုံယူဆောင်ပြီး အာမခံ လျှောက်သွားမယ်လို့ ဦးအောင်မျိုးသန့်က ရှင်းပြပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ဟာ  ထိုင်းနိုင်ငံ ၀န်ကြီးချုပ်နဲ့တွေ့ဆုံရာမှာ ဖမ်းဆီးခံ မြန်မာလူငယ် ၂ ဦးကိစ္စနဲ့ပတ်သက်လို့ တရားဥပဒေအရ မျှမျှတတ ကိုင်တွယ်ဖြေရှင်းဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေးမှာ အရေးကြီးကြောင်း ထည့်သွင်းပြောဆိုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013