DVB Logo
Home
မြန်မာသတင်း
စဥ့်ကူးမြို့နယ်၌ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦးသေဆုံး 
DVB
·
August 20, 2025
စဥ့်ကူးမြို့နယ်၌ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦးသေဆုံး 
Donate to DVB

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးရွာအနီးကို ဩဂုတ် ၁၉ ရက် မွန်းလွဲ ၂ နာရီ ၁၁ မိနစ်ချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ အရပ်သားပြည်သူ ၇ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လေကြောင်းကနေ တိုက်ခိုက်လို့ ရှောက်ပင်ရိုးရွာအနီး ထမင်းဆိုင်ပေါ်ကျပြီး အမျိုးသား ၅ ယောက်၊ အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ရပြီး ဒဏ်ရာရသူတွေလည်းရှိတဲ့အပြင် အဆောက်အအုံနဲ့ ကားပျက်စီးမှုရှိတယ်လို့  ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ဒေသခံရွာသားတယောက်က “ကျနော်တို့ ရှောက်ပင်ရိုးရွာတောင်ဘက်၊ ကတ္တရာလမ်းမကြီးရဲ့ အနောက်ဘက်ခြမ်း၊ ထမင်းဆိုင်ကို ကြဲချသွားတာဗျ။ ပျက်စီးတာကတော့ ရစရာကို မရှိဘူး။ PDF လည်း မရှိ၊ ပကဖလည်း မရှိဘူး။ ပလဖ လည်း မရှိဘူး။ စကစ ကောင်တွေ ထင်ရာစိုင်းပြီး လုပ်နေတယ် ထင်တယ်”လို့ ပြောပါတယ်။

အခု ဗုံးကြဲချတဲ့ ရှောက်ပင်ရိုးကျေးရွာဟာ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ စိုးမိုးနယ်မြေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဗုံးကြဲတဲ့တိုက် လေယာဉ်က တံတားဦးလေဆိပ်ဘက်က တက်လာတဲ့ လေယာဉ်ဖြစ်တယ်လို့ သတင်း ကြိုတင်ရတယ်လို့  ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တယောက်က ပြောပါတယ်။

“အဲဒီလေယာဉ်က ကနဦး တံတာဦးကနေ အရှေ့မြောက် နောင်ချိုသို့ တက်သွားခဲ့ပြီး၊ အရှေ့က အနောက်ကို ပြန်ဝိုက်လာကာ၊ စဥ့်ကူးမြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးနောက်၊ အနောက်တောင်ဘက် ပျံသန်းသွားခဲ့တယ်။ စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ်၊ ကျေးရွာတွေအပေါ် ၁၆ မိနစ်လောက် လှည့်လည်ပျံဝဲပြီး နေ့ခင်း ၂ နာရီ ၂၈ မိနစ်အချိန်မှာတံ တားဦး စကစ အထိုင်သို့ ပြန်ဆင်းသွားခဲ့တာဗျ။”

စဉ့်ကူးမြို့နယ်ဟာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃ ခုထဲမှာ ပါဝင်တဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013