DVB Logo
Home
အားကစား
PFA  ၁ နှစ်တာအကောင်းဆုံးဆုကို မိုဆာလာ ၃ ကြိမ်မြောက် စံချိန်တင်ရရှိ
DVB
·
August 20, 2025
PFA  ၁ နှစ်တာအကောင်းဆုံးဆုကို မိုဆာလာ ၃ ကြိမ်မြောက် စံချိန်တင်ရရှိ
Donate to DVB

ပရော်ဖက်ရှင်နယ်ဘောလုံသမားများအဖွဲ့အစည်းက ချီးမြှင့်တဲ့ PFA ၁ နှစ်တာအကောင်းဆုံး ကစားသမားဆုကို လီဗာပူးကစားသမား မိုဟာမတ်ဆာလာက ၃ ကြိမ်မြောက်စံချိန်တင်ရရှိ သွားပါတယ်။ 

သြဂုတ် ၁၉ ရက်ညက ပြုလုပ်ခဲ့တဲ့ ဆုပေးပွဲအခမ်းအနားမှာ ဆာလာက ကိုယ်တိုင်တက်ရောက် ရယူခဲ့ပြီး အသက် ၃၃ နှစ်အရွယ်မှာ ဒီလိုဆုရရှိတာက ဂုဏ်ယူစရာဖြစ်ကြောင်း ဆာလာက ပြောပါတယ်။ 

လွန်ခဲ့တဲ့ ၁၀ နှစ်က ချဲလ်ဆီးအသင်းမှာ စွမ်းဆောင်ပြနိုင်ခြင်း မရှိတဲ့ အချိန်တွေကို ပြန်လည် အမှတ်ရမိပြီး အီဂျစ်ပြည်ကနေလာပြီး ဒီလို ထိပ်တန်းအဆင့်စွမ်းဆောင်ရည်တွေနဲ့ သမိုင်းမှတ် တမ်းတင်နိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူကြောင်းလည်း ဆာလာက ပြောပါတယ်။ 

ဆာလာဟာ ၂ ကြိမ်ဆုရခဲ့တဲ့ မာ့ခ်ဟုချ်နဲ့ သီယာရီအွန်နရီတို့ရဲ့စံချိန်ကို ကျော်ဖြတ်ပြီး PFA ဆုကို ၃ ကြိမ်မြောက် ရရှိတဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့တာပါ။

လူငယ်အကောင်းဆုံးကစားသမားဆိုကို ဗီလာက မော်ဂန်ရော်ဂျာက ရရှိခဲ့ပြီး အမျိုသမီးကစားသမားဆုကိုတော့ အာဆင်နယ်က မာရီရိုနာ ကယ်ဒမ်တေးက အသင်းဖော် ရက်စ်ဆို ကို ကျော်ဖြတ်ပြီး ရရှိသွားပါတယ်။ 

အကောင်းဆုံးအသင်းမှာတော့  ဘုန်းမောက်နောက်ခံလူဟောင်း ကာကတ်ဇ် အပါအဝင် ချန်ပီယံ လီဗာပူးက ၅ ယောက် အထိပါဝင်ခဲ့ပြီး အာဆင်နယ်က ၃ ယောက်၊ နော်တင်ဟမ်က မတ်ဆဲစ်၊ နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်နဲ့ နော်တင်ဟမ်တိုက်စစ်မှူး ခရစ္စဝုဒ်တို့ ပါဝင်ခဲ့ပါတယ်။ 

Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013