DVB Logo
Home
နိုင်ငံတကာ
ဘယ်လ်ဂျီယမ်တွင် ကြက်ဥအလုံးထောင်ချီသုံးပြီး ဧရာမမွှေကြော်ကြီး ပြုလုပ်
DVB
·
August 19, 2025
ဘယ်လ်ဂျီယမ်တွင် ကြက်ဥအလုံးထောင်ချီသုံးပြီး ဧရာမမွှေကြော်ကြီး ပြုလုပ်
Donate to DVB

ဘယ်လ်ဂျီယမ်နိုင်ငံသားတွေဟာ နိုင်ငံအရှေ့ပိုင်းက မယ်လ်မာဒီမြို့ ရင်ပြင်မှာ စုဝေးပြီး  ကြက်ဥအလုံးထောင်ချီသုံး ပြုလုပ်ထားတဲ့ ရိုးရာ ဧရာမကြက်ဥမွှေကြော်ကြီးကို စားသုံးခဲ့ကြပါတယ်။

“ကမ္ဘာ့ ဧရာမကြက်ဥမွှေကြော် သူရဲကောင်းများ ညီနောင်အသင်း” ရဲ့ ကြီးကြပ်မှုနဲ့ စားဖိုမှူးတွေက ကြက်ဥတွေကို ဖောက်ပြီး ခလောက်နေကြပါတယ်။ အဲဒီအချိန်မှာပဲ အကျယ် ၁၃ ပေရှိတဲ့ ဒယ်အိုးကြီးတခုကို ဝန်ပင့်ယာဉ်နဲ့ သယ်ယူလာကြပါတယ်။

ဩဂုတ် ၁၅ ရက်က ကျရောက်တဲ့ Assumption Day ဘာသာရေးပွဲတော်နေ့မှာ ဒီဧရာမကြက်ဥမွှေကြော်ကြီး လုပ်စားခဲ့ကြတာ ဖြစ်ပါတယ်။

ခလောက်ထားတဲ့ ကြက်ဥအရည်တွေ မလောင်းထည့်ခင်မှာ တခြားသူတွေက ဒယ်အိုးထဲမှာ ဝက်သားခြောက်တွေကို အရင်ကြော်ခဲ့ကြပါတယ်။

ပြီးတဲ့အခါမှာတော့ လာကြည့်တဲ့သူတွေကို ပေါင်မုန့်နဲ့ ကြက်ဥ တည်ခင်းဧည့်ခံခဲ့ပါတယ်။

ဒဏ္ဍာရီတွေအရဆိုရင် ဒီလို ဧရာမကြက်ဥမွှေကြော်ကြီး ချက်ပြုတ်တဲ့ အလေ့အထဟာ ၉ ရာစုကတည်းက စတင်ခဲ့တာလို့ ဆိုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013