DVB Logo
Home
Lead Story
၆ ပွင့်ဆိုင်ဆွေးနွေးရေးအပေါ် သဘောထားအမြင်များ
DVB
·
November 26, 2014
၆ ပွင့်ဆိုင်ဆွေးနွေးရေးအပေါ် သဘောထားအမြင်များ
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ သမ္မတ ဦးသိန်းစိန်၊ ကာချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ကိုယ်စားပြု ခေါင်းဆောင် ၁ ဦး ပါဝင်တဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ မနေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။
၆ ပွင့်ဆိုင် တွေ့ဆုံးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အမြင်သဘောထားတွေကို မေးမြန်းထားပါတယ်။

ဦးအေးသာအောင် (ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့)

[caption id="attachment_35972" align="alignleft" width="150"]ဦးအေးသာအောင် ဦးအေးသာအောင်[/caption]

“အဓိကကျတဲ့ ခေါင်းဆောင်တွေ တွေ့ဆုံပြီးတော့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဆွေးနွေးညှိနှိုင်း ဖြေရှင်းဖို့အတွက် သဘောထားတွေရယူနိုင်မယ့် တွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့ လိုအပ်တယ်လို့ သုံးသပ်ပါတယ်။ တိုင်းပြည်ဆင်းရဲတွင်းကလွတ်ပြီး တိုးတက်အောင်လုပ်ဖို့ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မဖြစ်မနေတည်ဆောက်ရမှာ ဖြစ်ပါတယ်။ တချိန်က တပ်မတော်၊ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားတို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲက မဖြစ်ခဲ့ဘူး။ အခုတော့တခါ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲကို လွှတ်တော်က အတည်ပြုလိုက်တယ်လို့ ကြားရတယ်။ မြန်မာနိုင်ငံရေး အကျပ်အတည်းလွန်မြောက်ဖို့ဆိုတာ၊ နိုင်ငံရှေဆက်သွားဖို့ဆိုတာ ရွေးကောက်ပွဲကျင်းပရုံနဲ့ မပြီးပါဘူး။ ဒီမိုကရေစီစနစ်ထွန်းကားဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ဖို့၊ တိုင်းရင်းသားများနဲ့ သဟဇာတဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတဲ့ ကိစ္စရပ်တွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ခေါင်းဆောင်တွေ သဘောတူညီမှု ရဖို့လိုပါတယ်။ ၄ ပွင့်ဆိုင်ဖြစ်ဖြစ်၊ ၅ ပွင့်ဆိုင်ဖြစ်ဖြစ်၊ ၆ ပွင့်ဆိုင်ဖြစ်ဖြစ် ဆွေးနွေးကြမယ့် ခေါင်းဆောင်တွေ သဘောတူညီချက်ရရင် ကောင်းတယ်။ ရှေ့ဆက်ပြီး ဘာလုပ်ကြမယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေပါ ပါလာဖို့လိုမယ်လို့ ပြောချင်ပါတယ်။”

ဦးခင်မောင်ဆွေ (ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် - အက်ဖ်ဒီအေ)
U khin mg swe“အကျပ်အတည်းဖြစ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စလို ကိစ္စရပ်တွေမှာ ဖောက်ထွက်နိုင်လောက်အောင် ဆွေးနွေးနိုင်ကြရင် ကောင်းမှာပါ။ ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံပြီးတော့ အဖြေထွက်နိုင်အောင် ဆွေးနွေးနိုင်ကြရင်တော့ တိုင်းပြည်အတွက် အကျိုးရှိတာပေါ့။ အဖြေထွက်အောင် မဆွေးနွေးနိုင်ဘူးဆိုရင်တော့ လက်ရှိ အခြေအနေထက် ပိုရှုပ်ထွေးသွားနိုင်တာပေါ့။ ဦးရွှေမန်းနဲ့ ဒေါ်စုနဲ့တဘက်၊ အစိုးရနဲ့တပ်က တဘက် သဘောထားကွဲနေတာ ကျနော်တို့ မြင်ရတယ်လေ။ သဘောထားအမြင်တွေ ကွဲနေတာ မြင်ရတော့ သူတို့တတွေ ဘယ်လောက်အထိ ညှိနှိုင်းမလဲ၊ ဘယ်လောက်အထိ အောင်မြင်အောင် ဖောက်ထွက်နိုင်မလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။”
ခွန်ဥက္ကာ (ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီ - ယူအန်အက်ဖ်စီ)
“ကောင်းတဲ့ လက္ခဏာပေါ့ဗျာ။ မတွေ့တာထက်စာရင် တွေ့ကြတာ ကောင်းတာပေါ့။ ၆ ပွင့်မှာ ပြဿနာတနေရာရှိနိုင်တာက တိုင်းရင်းသားများထဲမှာ တဦးဆိုတာ နာမည်က မပေါက်သေးတော့ အဲ့ဒီမှာ ဘယ်လိုရွေးမလဲ။ ဘယ်သူ့ကို ကိုယ်စားလှယ်ပေးမလဲဆိုတာ မသိဘူးပေါ့ဗျာ။ သူတို့ အခု ၆ ပွင့်ကတော့ အတွင်းစည်းထဲမှာ ရှိနေကြတဲ့သူတွေဆိုတဲ့ သဘော၊ တိုင်းရင်းသား ကိုယ်စားလှယ် ဆိုတာတောင်မှာ တိုင်းရင်းသားပါတီတွေ မပါဘဲ လွှတ်တော်ထဲရှိနေတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်ပဲ ပါမယ့်ဆိုတဲ့သဘောမျိုး ပြောနေတာ တွေ့ရတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ လွှတ်တော်ရဲ့ စုဖွဲ့မှုအောက်မှာ ခေါ်တဲ့ ၆ ပွင့်ဆိုင်ဆိုရင်တော့ ကျနော်တို့ ယူအန်အက်ဖ်စီက ပါလို့ မရဘူးလေ။ ဘာလို့ဆိုတော့ ကျနော်တို့က လွှတ်တော်အောက်မှာလည်း မဟုတ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာလည်း မဟုတ်ဘူး။ တနိုင်ငံလုံးအတိုင်းအတာ တိုင်းပြည်တခုလုံးကို ခြုံပြီးကြည့်တဲ့ တွေ့ဆုံဆွေးနွေးပွဲဆိုရင်တော့ ကျနော်တို့ ပါသင့်တာပေါ့။”

ခွန်ဥက္ကာ (ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီ - ယူအန်အက်ဖ်စီ)

Khun Oh Kar“ကောင်းတဲ့ လက္ခဏာပေါ့ဗျာ။ မတွေ့တာထက်စာရင် တွေ့ကြတာ ကောင်းတာပေါ့။ ၆ ပွင့်မှာ ပြဿနာတနေရာရှိနိုင်တာက တိုင်းရင်းသားများထဲမှာ တဦးဆိုတာ နာမည်က မပေါက်သေးတော့ အဲ့ဒီမှာ ဘယ်လိုရွေးမလဲ။ ဘယ်သူ့ကို ကိုယ်စားလှယ်ပေးမလဲဆိုတာ မသိဘူးပေါ့ဗျာ။ သူတို့ အခု ၆ ပွင့်ကတော့ အတွင်းစည်းထဲမှာ ရှိနေကြတဲ့သူတွေဆိုတဲ့ သဘော၊ တိုင်းရင်းသား ကိုယ်စားလှယ် ဆိုတာတောင်မှာ တိုင်းရင်းသားပါတီတွေ မပါဘဲ လွှတ်တော်ထဲရှိနေတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်ပဲ ပါမယ့်ဆိုတဲ့သဘောမျိုး ပြောနေတာ တွေ့ရတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ လွှတ်တော်ရဲ့ စုဖွဲ့မှုအောက်မှာ ခေါ်တဲ့ ၆ ပွင့်ဆိုင်ဆိုရင်တော့ ကျနော်တို့ ယူအန်အက်ဖ်စီက ပါလို့ မရဘူးလေ။ ဘာလို့ဆိုတော့ ကျနော်တို့က လွှတ်တော်အောက်မှာလည်း မဟုတ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာလည်း မဟုတ်ဘူး။ တနိုင်ငံလုံးအတိုင်းအတာ တိုင်းပြည်တခုလုံးကို ခြုံပြီးကြည့်တဲ့ တွေ့ဆုံဆွေးနွေးပွဲဆိုရင်တော့ ကျနော်တို့ ပါသင့်တာပေါ့။”

ဦးကိုကိုကြီး (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)
ko ko gyi“ကျနော်တို့နိုင်ငံ အကူးအပြောင်းကာလမှာ ဖြေရှင်းရမယ့် ပြဿ နာတွေကတော့ အများကြီးပဲ၊ အဲ့ဒီထဲ လတ်တလောဖြေရှင်းရမယ့်ကိစ္စက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမယ့်ကိစ္စပဲ၊ ဖွဲ့စည်းပုံပြင်ဖို့ကို အားလုံးက ပြင်ဆင်ဖို့ ယေဘုယျသဘောတူ လက်ခံထားကြပြီးသား၊ ဒီထဲ ဘယ်ဟာတွေကို ဦးစားပေးပြီး ပြင်မလဲဆိုတာကို အဖြေမထွက်နိုင်ဘူးဖြစ်နေတယ်။ နိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ဆိုတာ ဖွဲ့စည်းပုံပြင်နိုင်ဖို့က အချုပ်ပဲဆိုတော့ ဒီ ၆ ဦးတွေ့ဆုံမှုမှာ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးနဲ့ ပတ်သက်လို့ နောက်လာမယ့်ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခြေအနေတွေကို ကြိုတင်ပြီး ညှိနှိုင်းဆွေးနွေးကြဖို့လိုမယ်လို့ မြင်ပါတယ်။”
ဦးစောသန်းမြင့် (ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)ပါတီ)

[caption id="attachment_60644" align="alignright" width="223"]ညီနောင်တိုင်းရင်းသားများပါတီ  ဒုဥက္ကဋ္ဌ ဦးစောမြင့်သန်း ဦးစောမြင့်သန်း[/caption]

“၆ ပွင့်ဆိုင်ပြောပြော၊ ကြီး ၆ ကြီးပဲ ပြောပြောပေါ့နော်။ သမတ၊လွှတ်တော်ဥကဌ ၂ယောက်နဲ့ ကာချုပ်ရယ်၊ပြည်မကိုယ်စားပြု ဒေါ်စုရယ် တိုင်းရင်းသားကိုယ်စားပြုတယောက်ပေါ့်နော် လွှတ်တော်ကဆုံးဖြတ်ချက် ချပေးတာ ကျနော်တို့ ၀မ်းသာပါတယ်။သို့သော် တိုင်းရင်းသားကိုယ်စားလှယ်ဆိုတာကို လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရမယ်ဆိုတာကိုတော့ ကျနော်တို့ မကြိုက်ဘူး၊ လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်ပါပြီးပြီလေဗျာ။ လွှတ်တော်ကိုယ်စားလှယ်တွေပဲ နိုင်ငံအတွက် အလုပ်လုပ်နိုင်သလားဆိုတဲ့ကိစ္စ ကျနော်တို့က သူတို့ကို ပြန်ဆွေးနွေးချင်တယ်။ လွှတ်တော်ဟာ ဥပဒေပြုရေးကိစ္စကို ထဲထဲဝင်ဝင်လုပ်တယ်၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေက နိုင်ငံ့အရေးတခုလုံးကို လွှမ်းခြုံပြီး လုပ်နေတယ်၊ လက်ရှိ မြန်မာနိုင်ငံရေးအနေအထားကို နိုင်ငံရေးပါတီခေါင်းဆောင်တွေ အသိဆုံးဖြစ်တယ်။”

ဖေမြင့် (စာနယ်ဇင်းကောင်စီအဖွဲ့ဝင်-ပြည်သူ့အရေးဂျာနယ် အတိုင်ပင်ခံအယ်ဒီတာ)

Phay Myint“နိုင်ငံတကာက နိုင်ငံရေးသိပံပညာရှင်တွေ ပြောဆိုနေတဲ့ မြန်မာ့ဒီမိုကရေစီအကူးအပြောင်း ချောမွေ့စေဖို့အတွက်ကို သက်ဆိုင်ရာအင်အားစုတွေရဲ့ ထိပ်ပိုင်းပုဂ္ဂိုလ်တွေကြားမှာ ဆွေးနွေးညှိနှိုင်းပြီးတော့ သဘောတူညီချက် တစုံတရာ ရဖို့လိုတယ်လို့ ပြောဆိုနေခဲ့တာ ရှိတယ်။ အခု အစီအစဉ်ဟာ အဲ့ဒီလိုမျိုး သဘောတူညီချက် တစုံတရာရဖို့အတွက် အလားအလာတခုလို့ ကျနော်မြင်တယ်။ အရင်တုန်းက ပြောလာတာက လေးယောက်ပေါ့နော်။ အခု တိုးလာတာက လက်ရှိအာဏာရ အဖွဲ့ထဲကတယောက်နဲ့ တိုင်းရင်းသားတယောက်ပေါ့။ အာဏာလက်ရှိအုပ်စုနဲ့ အတိုက်အခံအင်အားစု၊ တိုင်းရင်းသားအင်အားစု အဲ့ဒီအုပ်စု သုံးစုကြားထဲ တွေ့ဆုံမှု သဘောဖြစ်တော့ အကြမ်းဖျင်းအားဖြင့် လုံလောက်တယ်လို့ ပြောလို့ရတယ်။ ကိုယ်စားပြုတဲ့ သဘောအရ ပြောမယ်ဆိုရင်တော့ လက်ရှိအာဏာရ ကိုယ်စားပြုတဲ့ဘက်က လူဦးရေများနေတာပေါ့ဗျာ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013