DVB Logo
Home
နိုင်ငံတကာ
ထိုင်းစီးပွားရေး မျှော်မှန်းချက်ထက် ကျော်လွန် တိုးတက်
DVB
·
August 19, 2025
ထိုင်းစီးပွားရေး မျှော်မှန်းချက်ထက် ကျော်လွန် တိုးတက်
Donate to DVB

၂၀၂၅ ဒုတိယသုံးလပတ်အတွင်း ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ မျှော်မှန်းထားတာထက်ပိုပြီး တိုးတက်ခဲ့တယ်လို့ အမျိုးသားစီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးရေးကောင်စီ (NESDC) ရဲ့ အတည်ပြုချက်အရ သိရပါတယ်။

ဩဂုတ် ၁၈ ရက် ထုတ်ပြန်ချက်ထဲမှာ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုကာလမတိုင်ခင် ထိုင်းကုန်စည်တွေကို ကြိုတင်ပြီး တင်ပို့နိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီနှစ် ဧပြီလကနေ ဇွန်လအထိ သုံးလပတ်တာအတွင်း ထိုင်းနိုင်ငံ စီးပွားရေးဟာ ပြီးခဲ့တဲ့နှစ် ကာလတူထက် ၂ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ဒုတိယသုံးလပတ်ထဲမှာ စီပွားရေးပညာရှင်တွေ ခန့်မှန်းထားခဲ့တဲ့ ၂ ဒသမ ၇ ရာခိုင်နှုန်းထက် အနည်းငယ်ပိုပြီး တိုးတက်ခဲ့ပေမဲ့လည်း ပထမသုံးလပတ်ရဲ့ ၃ ဒသမ ၂ ရာခိုင်နှုန်းထက်တော့ အတော်လေး လျော့ကျသွားပါတယ်။

၂၀၂၄ ခုနှစ်အတွင်း အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးရှိရာ ထိုင်းနိုင်ငံမှာ ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပေမဲ့လည်း ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ နှေးကွေးခဲ့တာ တွေ့ရပါတယ်။

အဲဒီနောက် ဇွန်လကုန်ပိုင်းမှာ အစိုးရကြွေးမြီ စုစုပေါင်းဟာ ဘတ်ငွေ ၁၂ ဒသမ ၀၇ ထရီလီယံ (ဒေါ်လာအားဖြင့် ၃၇၂ ဘီလီယံနီးပါး) ရှိလာခဲ့ပြီး ဒါဟာ အသားတင်ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ရဲ့  ၆၄ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ဖြစ်မှု နှုန်းကလည်း ၀ ဒသမ ၉၁ ရာခိုင်နှုန်း ရှိတဲ့အလျောက် ပထမသုံးလပတ်ရဲ့ ၀ ဒသမ ၈၉ ရာခိုင်နှုန်းနဲ့ အထက်ကို အနည်းငယ်တက်လာခဲ့ကြောင်း သိရပါတယ်။

ထိုင်းပြည်တွင်းရေးမှာ ဝန်ကြီးချုပ်ဖြစ်သူ ဖဲထောင်ထန်း ရှင်နာဝပ်ဟာ ရာထူးကနေ ဆိုင်းငံ့ခံထားရသလို အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့လည်း နယ်စပ်ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့အလျောက် စီးပွားရေးအရ မတည်ငြိမ်မှုကို ကာလကြာရှည် ခံစားရနိုင်တယ်ဆိုပြီး သုံးသပ်ထားပါတယ်။

ဒါကြောင့် အခုနှစ်အတွက် ပြည်ပခရီးသွား ဝင်ရောက်နိုင်တဲ့ ခန့်မှန်းချက်ကိုပါ ၃၇ သန်းကနေ ၃၃ သန်းအထိ လျှော့ချလိုက်ပါတယ်။

ဒီအရှေ့တောင်အာရှနိုင်ငံအတွက် အကြီးမားဆုံးပို့ကုန်ဈေးကွက်က အမေရိကန်ဖြစ်ပြီး အစောပိုင်းမှာ ထရမ့်ပ် ခြိမ်းခြောက်ထားခဲ့တဲ့ ၃၆ ရာခိုင်နှုန်းအစား ၁၉ ရာခိုင်နှုန်း အခွန်စည်းကြပ်မှုကိုသာ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013