DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့အထိမ်းအမှတ် Awareness Concert ပွဲတော် ကျင်းပမည်
DVB
·
November 26, 2014
ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့အထိမ်းအမှတ် Awareness Concert ပွဲတော် ကျင်းပမည်
1 / 2
Donate to DVB

AIDSဒီဇင်ဘာ ၁ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့အထိမ်းအမှတ်အဖြစ် Awareness Concert ပွဲတော်ကို ကန်တော်ကြီးပန်းခြံ လက်မူကုန်းမှာ ညနေ ၅ နာရီမှာ ည ၉ နာရီထိ ၀င်ကြေး ပေးစရာ မလိုဘဲ အခမဲ့ ကျင်းပ ပြုလုပ်မှာဖြစ်ပါတယ်။

ပွဲတော်ကို CharmZ Charity မှာ ပံ့ပိုးပြီး AIDS Link International က ဦးဆောင် စီစဉ် ပြုလုပ်တာ ဖြစ်ပြီး TUR Music Band အဖွဲ့၊ အကကျွမ်းကျင်သူများ၊ တောနှင်းပန်းအငြိမ့်အဖွဲ့၊ အိပ်မက်ဆုံရာမှာ အဆိုတော်တွေ အပါအ၀င် တက်သစ်စအဆိုတော်များစွာနဲ့ အနုပညာ ဖျော်ဖြေကြမှာပါ။

Awareness Concert ပွဲတော်တွင် ဝေဒနာရှင်ကလေးငယ်များရဲ့အကြောင်း ဗီဒီယိုနဲ့ လက်ရာပစ္စည်းများကို ပြသမှာဖြစ်တဲ့အပြင် ရရှိလာတဲ့ အလှူငွေများကို အေအိုင်ဒီအက်စ်ရောဂါ ခံစားနေရတဲ့ကလေးငယ်များအတွက် လှူဒါန်းသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013