DVB Logo
Home
နိုင်ငံတကာ
အမေရိကန်ထုတ် Black Hawk ရဟတ်ယာဥ်အဟောင်းများ မဝယ်ရန် မလေးဘုရင် အမိန့်ထုတ်
DVB
·
August 18, 2025
အမေရိကန်ထုတ် Black Hawk ရဟတ်ယာဥ်အဟောင်းများ မဝယ်ရန် မလေးဘုရင် အမိန့်ထုတ်
Donate to DVB

အနှစ် ၃၀ ကျော်ပြီဖြစ်လို့ “ခေါင်းတလားပျံ” လို ဖြစ်နေတဲ့ အမေရိကန် Black Hawk ရဟတ်ယာဉ် အဟောင်းတွေ ဝယ်ယူရေး အစီအစဉ်ကို ဖျက်သိမ်းဖို့ မလေးရှားဘုရင် ဆူလ်တန် အီဗရာဟင်မ် အစ္စကန်ဒါက အစိုးရကို အမိန့်ထုတ်လိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနထဲက “အေးဂျင့်တွေနဲ့ အရောင်းကိုယ်စားလှယ်တွေ” သူ့ကို အရူးမလုပ်ဖို့ပါ ဘုရင်က သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ် ၁၆ ရက်က ကျင်းပတဲ့ မလေးရှားအထူးတပ်ဖွဲ့ အနှစ် ၆၀ ပြည့် အခမ်းအနား စစ်ရေးပြပွဲမှာ ဘုရင်က အခုလို ပြောခဲ့တာဖြစ်ပါတယ်။

အခမ်းအနားကို မလေးရှားကာကွယ်ရေးကြီး၊ တပ်ပေါင်းစု စစ်ဦးစီးချုပ်နဲ့ ကြည်းတပ် စစ်ဦးစီးချုပ်တို့ တက်ရောက်ခဲ့ပါတယ်။

မလေးရှားနိုင်ငံဟာ ဖက်ဒရယ်စည်းမျဉ်းခံဘုရင်စနစ်ကို ကျင့်သုံးတာဖြစ်ပြီး ဝန်ကြီးချုပ်ကသာ အစိုးရကို ဦးဆောင်ရတာ ဖြစ်ပါတယ်။

ဘုရင့်နေရာကို စော်ဘွားအိမ်တော် ၉ ခုက ၅ နှစ်သက်တမ်း ရွေးကောက်တင်မြှောက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘုရင်ဟာ စစ်သေနာပတိချုပ် ဖြစ်တဲ့အတွက် အခုလို အမိန့်ပေးနိုင်တာ ဖြစ်ပါတယ်။

အမေရိကန် ရဟတ်ယာဉ်ဟောင်းတွေ ဝယ်ဖို့ အစီအစဉ်ကို မေးခွန်းထုတ်ခဲ့တဲ့  မလေးရှားဘုရင်ဟာ ဩဂုတ် ၆ ရက်က မော်စကိုသွားပြီးတော့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

၁၉၈၀ ပြည့်လွန်နှစ်တွေက SkyHawk လေယာဉ်တွေ မလေးရှားဝယ်ယူခဲ့စဉ်က အခြေအနေကို ဥပမာပေးပါတယ်။ ဗီယက်နမ်စစ်ပွဲခေတ်မှာ အမေရိကန်က သုံးခဲ့တဲ့ SkyHawk ၈၈ စင်း ဝယ်ယူခဲ့ရာမှာ အစင်း ၄၀ ပဲ မွမ်းမံပြီး ပြန်သုံးနိုင်ခဲ့တာကို ထောက်ပြခဲ့ပါတယ်။

အခုလည်း BlackHawk ရဟတ်ယာဉ် အဟောင်းတွေ ဝယ်မယ့်ကိစ္စဟာ “ကျုပ်တို့ပိုင်းလော့တွေကို မိုးပျံခေါင်းတလားထဲ ထည့်ကြမှာလား။ ကိုယ့်ဘာသာ တွေးကြည့်စမ်းပါ” လို့ ဘုရင်က မေးခွန်းထုတ်ခဲ့ပါတယ်။

“ဒီလိုဖြစ်နေရတာက ကာကွယ်ရေးဝန်ကြီးဌာမှာ အေးဂျင့်တွေ၊ အရောင်းကိုယ်စားလှယ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ဟောင်းတွေနဲ့ ပြည့်နေလို့ပဲ။ ကျုပ်တို့ကို ဒရုန်းရောင်းချင်တဲ့ အထည်ချုပ်လုပ်ငန်းတွေတောင် ရှိတယ်” လို့ ဘုရင်က ဝေဖန်ခဲ့ပါတယ်။

ဝယ်ယူရေးမှာ ကြားလူက စျေးတွေ မတရားတင်တဲ့ ကိစ္စကိုပါ ထောက်ပြခဲ့ပြီး ရူပီး ၅ သန်းပေးရတဲ့ ကွန်မန်ဒိုသုံး စပိဘုတ် စက်လှေဝယ်တဲ့ကိစ္စကိုပါ ဘုရင်က မေးခွန်းထုတ်ခဲ့ပြီး ၂ သန်းနဲ့ အဲဒီထက်ကောင်းတဲ့လှေ သူ ဝယ်ပြနိုင်တယ်လို့ ဆိုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013