DVB Logo
Home
အားကစား
တိုက်စစ်မှူးသစ် ယိုကာရက်စ်အပေါ်  စိတ်ရှည်ပေးရန် အာဆင်နယ်ဂန္ထဝင် အွန်နရီပြော
DVB
·
August 17, 2025
တိုက်စစ်မှူးသစ် ယိုကာရက်စ်အပေါ်  စိတ်ရှည်ပေးရန် အာဆင်နယ်ဂန္ထဝင် အွန်နရီပြော
Donate to DVB

တိုက်စစ်မှူးသစ် ဗစ်တာယိုကာရက်စ်အပေါ် စိတ်ရှည်ပေးဖို့ လိုအပ်ကြောင်း အာဆင်နယ်ဂန္ထဝင် တိုက်စစ်မှူး  အွန်နရီက ပြောသွားပါတယ်။

အသက် ၂၇ နှစ်ရှိ ဆွီဒင်တိုက်စစ်မှူးဟာ မနှစ်က စပို့တင်းလစ္စဘွန်းမှာ  ၅၂ ပွဲကစား ၅၄ ဂိုးသွင်းခဲ့တဲ့တိုင်အောင် အာဆင်နယ်မှာတော့ အချိန်အနည်းငယ်ပေးသွားရမှာဖြစ်လို့ ပရိသတ်တွေဘက်က စိတ်ရှည်ပေးဖို့ လိုအပ်ကြောင်း အွန်နရီက ပြောပါတယ်။

ယိုကရက်စ်ဟာ အင်္ဂလန်မှာ ကစားခဲ့ဖူးတာကို မေ့မထားသင့်ဘဲ လက်ရှိအချိန်မှာတော့ ယုံကြည်မှု ပိုရှိလာပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းဆိုင်ရာကအစ အရင်ကနဲ့ လုံးဝပြောင်းလဲသွားကြောင်း အွန်နရီကပြောပါတယ်။

ယိုကာရက်စ်ဟာ သူ့အတွက် ပထမဆုံးစမ်းသပ်မှုအနေနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ မန်ယူအသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013