DVB Logo
Home
မြန်မာသတင်း
မွန်တော်လှန်ရေးနှစ်ဖွဲ့ ဖမ်းဆီးခဲ့သည့် Non-CDM ဝန်ထမ်း ၄ ဦးကို ခံဝန်ဖြင့်ပြန်လွှတ်
DVB
·
August 16, 2025
မွန်တော်လှန်ရေးနှစ်ဖွဲ့ ဖမ်းဆီးခဲ့သည့် Non-CDM ဝန်ထမ်း ၄ ဦးကို ခံဝန်ဖြင့်ပြန်လွှတ်
Donate to DVB

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ သံဖြူဇရပ်-ရေး အမှတ် ၈ ပြည်ထောင်စုလမ်းပေါ်မှာ ဖမ်းဆီးခဲ့တဲ့ Non-CDM ကျောင်းဆရာမ ၄ ယောက်ကို  သြဂုတ် ၁၅ ရက်နေ့ ညနေပိုင်းမှာ ပြန်လွှတ်လိုက်ပြီလို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)ဆီက သိရပါတယ်။

ဩဂုတ် ၁၄ ရက် မနက် ၇ နာရီလောက်က ရေး ပြည်သူ့ကာကွယ်ရေးတပ် YPDF နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တို့က ခရီးသွားပြည်သူလုံခြုံရေးအတွက် မော်လမြိုင်-ရေး ပြည်ထောင်စုလမ်းမကို စစ်ဆေးရေးလုပ်နေတုန်း စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲအတွက် သင်တန်းသွားတက်ကြမယ့် လမိုင်း၊ မော့ကနင်၊ နှစ်ကရင်၊ ဘေးလမိုင်းက Non CDM ဆရာမ ၄ ယောက်ကို သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာအနီးမှာ ဖမ်းဆီးခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ကျောင်းဆရာမ ၄ ယောက်ကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) နဲ့ ရေး ပြည်သူ့ကာကွယ်ရေးတပ် (YPDF) တို့က ဖမ်းဆီးပြီး ၂၄ နာရီကြာလောက် ထိန်းသိမ်းစစ်ဆေးပြီးနောက် ရွေးကောက်ပွဲမှာ ဆက်လက်ပါဝင်ပတ်သက်တာမျိုး မပြုလုပ်ဖို့ ခံဝန်ကတိ လက်မှတ်ထိုး ပြန်လွှတ်ပေးခဲ့တယ်လို့ MSRF ရဲ့ ပြောရေးဆိုခွင့်ရှိ သူ မိတလဉာဏ်က DVB ကိုပြောပါတယ်။

“စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့အတွက် အုပ်ချုပ်ရေးမှူးတွေ Non-CDM ဝန်ထမ်းတွေအနေနဲ့  အာဏာပိုင်တွေနဲ့သွားလာတာ၊ သင်တန်းတွေတက်တာအပြင် လုပ်ငန်းအကောင်အထည်ဖော်တာတွေကို ပူးပေါင်းဆောင်ရွက်မှုမပြုလုပ်ဖို့အတွက် သတိပေးထားပြီးသားပါ။ ဒီအပေါ်မှာ ကျမတို့ ဆက်လက်ပြီးတော့ အရေးယူဆောင်ရွက် ရခြင်းဖြစ်ပါတယ်”

ရေးမြို့နယ်အတွင်း ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်ကြမယ့် Non  CDM ဝန်ထမ်းတွေရဲ့ စာရင်းတွေကိုလည်း ရရှိထားတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)ဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013