DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် လူမှုရေးဖောက်ပြန်ခဲ့သည့် ဆရာတော်နှင့် ဒါယိကာမ ဖမ်းဆီးခံရ 
DVB
·
August 15, 2025
ထိုင်းတွင် လူမှုရေးဖောက်ပြန်ခဲ့သည့် ဆရာတော်နှင့် ဒါယိကာမ ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့လပိုင်းက ဘုန်းကြီးများစွာနဲ့ ဖောက်ပြန်ခဲ့တဲ့ ဒါယိကာမ ဇီကာဂေါက်ဖ် ဖမ်းဆီးခံရပြီးတဲ့နောက် မကြာခင်မှာဘဲ နောက်ထပ် ခရိုင်အဆင့် သံဃမဟာနာယကဆရာတော်နဲ့ ဒါယိကာမ တယောက်တို့ လူမှုရေး ဖောက်ပြန်မှု ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။

အဆိုပါ ဆရာတော်မှာ ထိုင်းမြောက်ပိုင်း နခွမ်းဆဝမ်ခရိုင်က  သံဃမဟာနာယကနဲ့ နာမည်ကြီးကျောင်းတိုက်တခုရဲ့ ကျောင်းထိုင်ဆရာတော် ထမ်မဝချီရ ထီလခွန်းဆရစ် ခေါ်  နိုင်းဆရစ်ကျန်ပရထစ် ( အသက် ၆၆ နှစ် ) ဖြစ်ပြီး ဒါယိကာမကတော့ အသက် ၅၆ နှစ်ရွယ် ဇီကာနမ့်ဝမ် ခေါ် နန်းဆောဝ် ဖူးထိနီ ဖြစ်ပါတယ်။

ဆရာတော်ဟာ နေ့ခင်းဆိုရင်  သင်္ကန်းဝတ်နဲ့  ကျောင်းတိုက်မှာနေပြီး ညပိုင်းမှာတော့ လူဝတ်လဲ ၊ မျက်ခုံးမွှေးဆွဲ ၊ ဆံပင်တုတပ်ကာ ဒါယိကာမဖြစ်သူနဲ့  နေထိုင်တယ်၊ အခုလို အကြင် လင်မယားအဖြစ် နေထိုင်လာတာ ၁၅ နှစ်လောက်ရှိပြီဖြစ်ပြီး နောက်ပိုင်းမှာ ဘုန်းကြီးက နောက်ထပ်အမျိုးသမီးတယောက်နဲ့ ဖောက်ပြန်တဲ့သတင်း ထပ်မံထွက်ပေါ်တယ်၊ အဆိုပါ အမျိုးသမီးမှာ သာသနာရေးရုံးက အရာရှိမတယောက် ဖြစ်ပြီး နောက်တော့ အလုပ်ထွက်သွားခဲ့ တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဘုန်းကြီးရဲ့ ဖောက်ပြန်မှုကို မကျေနပ်တဲ့ ဒါယိကာမ နမ့်ဝမ်က ရင်းနှီးသူတွေကို ရင်ဖွင့်တယ်၊ အဲဒီနောက် သူနဲ့ ဘုန်းကြီးတို့ ( လူဝတ်လဲထား ) စုံတွဲပုံတွေ လူမှုကွန်ရက်မှာ ပြန့်နှံ့လာပါတယ်။ 

ဗဟိုရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက စုံစမ်းထောက်လှမ်းမှုပြုရာမှာတော့  နမ့်ဝမ်ဆိုသူ အမျိုးသမီးနဲ့  ဓာတ်ပုံတွဲရိုက်ထားသူဟာ အမှန်တကယ်ဘဲ နခွန်းဆဝမ်ခရိုင်ဆရာတော်ဖြစ်နေတယ်၊ ဒါ့အပြင် လူမှုကွန်ရက်ချက်ဘောက်စ်မှာ လင်မယားလိုပြောဆိုထားတဲ့ စကားလုံးတွေ တွေ့ရှိတယ်လို့ ထိုင်းရဲချုပ်က ဆိုပါတယ်။

၂၀၂၄ ခုနှစ် မတ် ၁ ရက်မှ  ၂၀၂၅ ခုနှစ် ဇူလိုင် ၁၀ ရက်အထိ   ဇီကာနမ့်ဝမ်ရဲ့ ဘဏ်အကောင့်ထဲ လွှဲပေးထားတဲ့ ဘတ်ငွေ ၄၀၁ , ၀၀၀ ရှိတယ်လို့  CIB ဗဟိုရဲတပ်ဖွဲ့  ရဲချုပ် ကျရွန်းကစ် ဘန်ကယောက်က ဩဂုတ် ၁၄  သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

အဲဒီကာလအတောတွင်းမှာ ကျောင်းတိုက်ပိုင်ငွေပေါင်း  ၄, ၁၀၀ , ၀၀၀ ကို ဆရာတော်ရဲ့ လူယုံ ဦးပဥ္ဇင်းတပါးက ထုတ်ယူပြီး ဇီကာနမ့်ဝမ်ရဲ့ ဘဏ်အကောင့်ထဲကိုရော ကျောင်းထိုင်ဆရာတော် အကောင့်ထဲကိုပါ ပြန်လွှဲပေးထားတဲ့ သက်သေတွေ တွေ့ရှိပါတယ်၊ ဆရာတော်ရဲ့ လူယုံကလည်း အဲဒီငွေတွေကို ထုတ်ဖို့ ဆရာတော်က စေခိုင်းခဲ့တာလို့ ထွက်ဆိုထားပါတယ်။ 

ခိုင်လုံတဲ့သက်သေအထောက်အထားတွေရပြီးတဲ့နောက် ဗဟိုရဲတပ်ဖွဲ့က တရားရုံးရဲ့ ခွင့်ပြုချက်နဲ့  သူတို့ ၂ ယောက်ကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

ဒါယိကာမ ဇီကာနမ့်ဝမ်ကို ရဲတွေက မနေ့က ပထုမ်ဌာနီခရိုင်ရှိ သူ့ရဲ့ နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်၊  နိုင်းဆရစ်  ကတော့ ဒီမတိုင်ခင်ကတည်းက လူဝတ်လဲထားပြီး ရဲစခန်းမှာ လူကိုယ်တိုင်လာရောက်အဖမ်းခံခဲ့ပါတယ်။

ရဲစခန်းမှာ သတင်းဌာနအသီးသီးက သတင်းထောက်တွေ စောင့်ဆိုင်းပြီး အင်တာဗျူးဖို့ ကြိုးစားပေမဲ့ သူတို့ ၂ ယောက် ကတော့ ဘာမှမဖြေကြားဘဲ မျက်နှာကိုယ်သာ ဖုံးကွယ်ကာ ငြင်းဆို ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဗဟိုရဲတပ်ဖွဲ့က ဇီကာနမ့်ဝမ်ကို  ဌာနဆိုင်ရာဝန်ထမ်း ( ဆရာတော် ) အား ဝန်ထမ်းကျင့်ဝတ်ပျက်ပြားစေရန် အားပေးကူညီမှု၊ မသမာသောငွေအားလက်ခံရယူမှု၊ မသမာမှုဖြင့်ရရှိလာတဲ့ ငွေကြေးတွေကို ခဝါချမှုစတဲ့ ပြစ်မှုတွေနဲ့ တရားစွဲဆိုထားပါတယ်။

နိုင်းဆရစ် ( ဘုန်းကြီး ) ကိုလည်း ကျင့်ဝတ်ဖောက်ဖျက်မှု၊ အများပြည်သူပိုင်ပစ္စည်း အလွဲသုံးစားပြုမှု၊ ငွေကြေးခဝါချမှုတွေနဲ့ အရေးယူသွားမယ်လို့  ရဲချုပ်က ပြောပါတယ်။   

ဘုန်းကြီးနဲ့ ဒါယိကာမ ဖောက်ပြန်တဲ့ကိစ္စမှာတော့ လူမှု‌ရေးဖောက်ပြန်မှုသာဖြစ်တာကြောင့်  အရေးယူလို့ရတဲ့ ပုဒ်မမရှိသေးပေမဲ့ လူမှုအသိုက်အဝန်းကြားမှာတော့ မျက်နှာမဖော်ဝံ့အောင် သိက္ခာကျ နာမည်ပျက်နဲ့ သမိုင်းတွင်သွားခဲ့ပါတယ်။ 

Source:  Matichon / 3PLUS News  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013