DVB Logo
Home
မြန်မာသတင်း
ကျောက်မီးသွေးတွင်း မီးလောင်ဒဏ်ရာရ မြန်မာများ သက်သာ
DVB
·
November 25, 2014
ကျောက်မီးသွေးတွင်း မီးလောင်ဒဏ်ရာရ မြန်မာများ သက်သာ
Donate to DVB

မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်က ကျောက်မီးတွင်းမီးလောင်ပေါက်ကွဲမှုမှာ ဒဏ်ရာရသူတွေထဲက မြန်မာသုံးဦးကို လေယာဉ်နဲ့သယ်ဆောင်ပြီး ဆေးရုံပြောင်းကုသပေးခဲ့ပြီး လူနာအားလုံး သက်သာတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးဝင်းဝင်းမင်းက ပြောပါတယ်။

[caption id="attachment_71971" align="alignright" width="378"]ဓာတ်ပုံ - mmrinmy ဓာတ်ပုံ - mmrinmy[/caption]

မီးလောင်မှုကြောင့် မြန်မာတဦးသေဆုံးခဲ့သလို ဒဏ်ရာရသူ လူနာ ခြောက်ဦးအနက် တဦးဆေးရုံကဆင်းသွားပြီး ကျန်ငါးဦးက မစိုးရိမ်ရဘဲ ဒဏ်ရာ သက်သာစ ပြုနေပြီလို့ မလေးရှားနိုင်ငံဆိုင်ရာ ဦးမင်းမင်းထွေးက ဖြေဆိုပါတယ်။

“ကျောက်မီးသွေးမိုင်း ပေါက်ကွဲတဲ့ကိစ္စမှာ ကျနော်တို့ဆီက မြန်မာလုပ်သား တယောက်သေတယ်။ ၆ ဦးဒဏ်ရာရတယ်။ ဖြစ်တာက စနေနေ့ မနက်ပိုင်းမှာဖြစ်တယ်။ ၆ ဦးဒဏ်ရာရတဲ့အထဲမှာ တဦးက ဒဏ်ရာသက်သာလို့ ဒီကနေ့ ဆေးရုံကဆင်းတယ်။ ဒဏ်ရာရသူ ငါးဦးကျန်တဲ့အနက် ဆာရာဝပ်ဆေးရုံမှာ လူနာတွေ ပြည့်နေတဲ့အတွက် မနေ့က မနက်ခင်းမှာ ဆာဗားက ကိုတာကင်နာပါရုဆေးရုံကို ဟိုက်စကီးနဲ့ နှစ်ယောက်ကို ကျနော်တို့ ပို့လိုက်တယ်။ ဒီနေ့ မလေးရှားတပ်မတော် လေယာဉ်နဲ့ တဦးကို ကေအယ် (ကွာလာလမ်ပူ) ဆေးရုံကို ပို့လိုက်တယ်။ အဲဒီတော့ ကျန်တဲ့သူ ၅ ယောက်လုံး အသက်အန်တရာယ် မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။

ဒီမီးလောင်ဒဏ်ရာရသူ မြန်မာတွေအဖို့ တရားဝင်လမ်းကြောင်းကလာတဲ့အတွက် နစ်နာကြေး ရဖို့ ကျိန်းသေတယ်လို့ သူက ပြောဆိုပါတယ်။ နစ်နာကြေးအပြင် အလုပ်ရှင်ထံကရော၊ မြန်မာပြည်က စေလွှတ်တဲ့ အေးဂျင့်ထံကပါ ထိခိုက်နစ်နာသူတွေကို ဂရုဏာကြေးပေးဖို့ တောင်းဆိုသွားမယ်လို့ ဦးမင်းမင်းဝင်းက ပြောဆိုပါတယ်။
မနေ့က ဆေးရုံပြောင်းသူနှစ်ယောက်က ကိုနိုတူးမိုင် (အသက် ၂၆ နှစ်)နဲ့ ကိုကျော်မိုးဝင်း အသက် ၂၈ နှစ်တို့ဖြစ်ကြပြီး ကူချင်းဆေးရုံမှာ ဆေးကုသမှုဆက်လက်ခံယူနေသူ မြန်မာတွေကတော့ ကိုအောင်မြင့်ထွတ် (၂၆ နှစ်)၊ ကိုညီညီလွင်(၂၈ နှစ်) ကိုဝင်းစိုး (၄၀) နှစ်နဲ့ ကိုကြည်ငွေ (၃၀) နှစ်တို့ဖြစ်တယ်လို့ မလေးရှားရောက်မြန်မာများ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဲဒီ ကျောက်မီးသွေးစက်ရုံမှာ မြန်မာပြည်က တရားဝင်လာရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာလုပ်သား ၃၂ ဦးရှိပြီး လူနာတွေကို လေယာဉ်နဲ့သယ်တာဟာ စိုးရိမ်ရလို့မဟုတ်ပါဘူးလို့ ဦးမင်းမင်းဝင်းက ဖြေဆိုပါတယ်။

“မီးလောင်တဲ့ဒဏ်ရာတွေကြောင့်သာလျင် dressing (ဆေးထည့်ပတ်တီးစည်း) လဲတဲ့အခက်အခဲဖြစ်မှာစိုးလို့သာလျင် ကျနော်တို့စီစဉ်ပေးထားပါတယ်။ စိုးရိမ်ရလို့ လေယာဉ်နဲ့သယ်တာမဟုတ်ပါဘူး။ မီးလောင်တာဖြစ်တော့ DRESSING ပတ်တီးက ခဏခဏ လဲရကြောင်း။ မီးလောင်မှုမှာ မြန်မာ၊ မြောက်ကိုရီးယား၊ အင်ဒိုနီးရှား၊ ဘင်္ဂလား စတဲ့နိုင်ငံသားတွေ ပါဝင်နေတာကြောင့် ဆာရာဝပ်ပြည်နယ်က ကျန်းမာရေးတာဝန်ခံနဲ့ ညှိနှိုင်းခဲ့တာကြောင့် သင့်တော်တဲ့ ဆေးရုံတွေကို ပို့ဆောင်ပေးနေတာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

ဒီကျောက်မီးသွေးစက်ရုံ ပေါက်ကွဲမှုမှာ ကိုရီးယားလူမျိုး ၃ ဦးလည်း အသက်သေဆုံးခဲ့တယ်လို့ မလေးရှားရောက် မြန်မာတွေ ပြောဆိုချက်အရသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013