DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ရန် ၆ ပွင့်ဆိုင်ဆွေးနွေးရေး လွှတ်တော်အတည်ပြု
DVB
·
November 25, 2014
ဖွဲ့စည်းပုံပြင်ရန် ၆ ပွင့်ဆိုင်ဆွေးနွေးရေး လွှတ်တော်အတည်ပြု
Donate to DVB

အခြေခံဥပဒေပြင်ဆင်ရေးအတွက် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပဖို့ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။

parliment 1ပဲခူးတိုင်းဒေသကြီး အမှတ် ၁၀ မဲဆန္ဒနယ်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမျိုးသားလွတ်တော်ကို်ယ်စားလှယ် ဦးမြင့်ထွန်းက အရေးကြီး အဆိုတင်သွင်းခဲ့တဲ့အပေါ် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြတယ်လို့ ကိုယ်တိုင်တက်ရောက်သတင်းရယူတဲ့ ဒီဗွီဘီ သတင်းထောက်ကို နေဖြိုးဝင်းက ပြောပါတယ်။

အဲဒီ ၆ ပွင့်ဆိုင်မှာ သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ လွှတ်တော်ကိုယ်စားလှယ်ထဲက တိုင်းရင်းသားခေါင်းဆောင် တယောက်တို့ တွေ့ဆုံဆွေးနွေးကြဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဆွေးနွေးပွဲ တက်ရောက်မယ့် တိုင်းရင်းသားကိုယ်စားလှယ်စာရင်းကတော့ မထွက်ရှိလာသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်က “အန်တီက ဒီဟာကို မငြင်းပယ်ပါဘူး။ ဘာလို့လဲဆိုတော့ အစကတည်းက အန်တီပြောတယ်လေ စစ်မှန်တဲ့ဆွေးနွေးပွဲတွေဖြစ်ဖို့အတွက် ဟိုဟာက ၁၄ ယောက်လိုလို ဟိုလိုလို ဒီလိုလို ဆိုတုန်းက အန်တီပြောတာလေ။ အခု ဒီလိုသေသေချာချာ လွှတ်တော်က တင်ပြတဲ့ ကိစ္စကို အန်တီအနေနဲ့  ငြင်းပယ်စရာအကြောင်းဘာမှ မရှိပါဘူး။ တိုးတက်မှုလို့ပဲမြင်ပါတယ်။ ဘာပဲပြောပြော ဒီကိစ္စမှာ လွှတ်တော်က သဘောတူညီနိုင်တယ် ဆိုတာ ကောင်းတာပေါ့”လို့ ပြောပါတယ်။

လွှတ်တော်တက်ရောက်ခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က “ဘာမှ မသေချာတဲ့အနေအထားမျိုးမှာ တဘက်သားဘာမှ တုံ့ပြန်မှု မရှိသေးတဲ့အခါမှာ ပြည်ထောင်စုလွှတ်တော် အနေအထားနဲ့ အနာဂတ်နိုင်ငံအတွက်ကို အရေးကြီးတဲ့ အခုအဆိုဟာ အကျိုးသက်ရောက်မှု ရှိမယ်။ တိုင်းပြည်အတွက်၊ အနာဂတ်အတွက် သွားရမယ့် မျှော်လင့်ချက် တခုကို ဖြစ်စေတယ်။ လုံးဝ မပေါ်တာထက်စာရင် ပေါ်လာတာ မကောင်းဘူးလား။ ဒါကြောင့်မို့ ကျနော် ကြိုဆိုပါတယ်” လို့ ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီဆုံးဖြတ်ချက်ကို လက်ခံကြောင်းနဲ့ လာမယ့် သောကြာနေ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ စတင်တွေ့ဆုံကြဖို့ ပြောကြားတယ်လို့ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013