DVB Logo
Home
နိုင်ငံတကာ
AI သည် စက်မှုတော်လှန်ရေးထက် အပြောင်းအလဲပိုကြီးမည်ဟု Anthropic မျှော်မှန်း
DVB
·
September 29, 2026
Photo: Reuters-Yonhap
Photo: Reuters-Yonhap
Donate to DVB

AI နည်းပညာဟာ စက်မှုတော်လှန်ရေး၊ လျှပ်စစ်နဲ့ အင်တာနက်တို့ထက်တောင် ကမ္ဘာ့စီးပွားရေးကို ပိုနက်ရှိုင်းစွာ ပြောင်းလဲနိုင်မယ်လို့ Claude AI ဖန်တီးသူ Anthropic က မျှော်မှန်းထားပါတယ်။

ရိုက်တာသတင်းဌာနက ရရှိထားတဲ့ Anthropic ရဲ့ အများပြည်သူသို့ ကနဦးအစုရှယ်ယာများ ကမ်းလှမ်းရောင်းချခြင်း (IPO) အလားအလာညွှန်းတမ်း မှာ AI ကို အနာဂတ်ကမ္ဘာ့စီးပွားရေး ပြောင်းလဲမှုရဲ့ အဓိကအင်အားတခုအဖြစ် ပုံဖော်ထားပါတယ်။ 

ကုမ္ပဏီရဲ့ ဝင်ငွေဟာ ၂၀၂၅ ခုနှစ်မှာ ၁၂ ဆတိုးပြီး အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံနီးပါး ရှိလာပေမဲ့ AI မော်ဒယ်တွေ လေ့ကျင့်ပြီး အသုံးပြုနိုင်ဖို့ ကွန်ပျူတာစွမ်းအားနဲ့ အခြေခံအဆောက်အအုံအတွက် မနှစ်က အမေရိကန်ဒေါ်လာ ၇ ဒသမ ၃၃ ဘီလီယံ သုံးခဲ့ပါတယ်။

လာမဲ့ နှစ်တွေမှာလည်း cloud၊ computing နဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ကတိကဝတ်တွေအတွက် အမေရိကန်ဒေါ်လာ ၅၁၈ ဘီလီယံအထိ သုံးစွဲရနိုင်ပါတယ်။ 

Anthropic က ၂၀၂၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံနီးပါး အသားတင်အရှုံး ရှိခဲ့ပေမဲ့ အဲဒီထဲက ၃၄ ဘီလီယံလောက်ဟာ လုပ်ငန်းလည်ပတ်စရိတ် မဟုတ်ဘဲ ဘဏ္ဍာရေးဆိုင်ရာ စာရင်းသွင်းမှုကြောင့် ဖြစ်ပါတယ်။

လုပ်ငန်းလည်ပတ်မှုအရှုံးကတော့ ၂၀၂၄ ခုနှစ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၈ ဘီလီယံကနေ ၂၀၂၅ ခုနှစ်မှာ ၈ ဘီလီယံကျော်အထိ တိုးလာပါတယ်။

တဖက်မှာလည်း Anthropic ရဲ့ ကိုယ်ပိုင်သုတေသနတွေမှာ အလိုအလျောက် လုပ်ဆောင်နိုင်တဲ့ AI တွေက မမျှော်လင့်ထားတဲ့ အန္တရာယ်ရှိတဲ့ အပြုအမူတွေ ပြနိုင်တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ထားပါတယ်။ 

CEO ဒါရီယို အမိုဒေးက AI စွမ်းရည်အသစ်တွေ ထုတ်လွှတ်တဲ့နှုန်းကို နှေးကွေးသင့်တယ်လို့ ပြောထားပါတယ်။

ဒါပေမဲ့ ကုမ္ပဏီက ပြီးခဲ့တဲ့သီတင်းပတ်မှာ Claude Opus 5.5 မော်ဒယ်အသစ်ကို ထုတ်ခဲ့ပါတယ်။ ဒီလို ကြီးမားတဲ့ AI မျှော်မှန်းချက်တွေနဲ့အတူ Anthropic ရဲ့ IPO ဟာ ကုမ္ပဏီတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ထရီလီယံကျော်အထိ ရှိလာနိုင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013