
နှစ်စဉ်ဖြစ်နေကျ ပါဆဒ်ကြယ်စုတန်းကနေ ကြယ်ကြွေတာကို ကြည့်ဖို့ ခရိုအေးရှားနိုင်ငံ စပလစ်မြို့က နက္ခတ်တာရာလေ့လာရေးစခန်းမှာ ကြယ်ငေးသူတွေ သြဂုတ် ၁၂ ရက်မှာ စုဝေးခဲ့ကြပါတယ်။
ပင်ကိုဖြစ်စဉ်ထက် ပိုမြန်အောင်လုပ်ထားတဲ့ ဗီဒီယိုထဲမှာ ညကောင်းကင်ယံကို လင်းထိန်နေစေတဲ့ ကြယ်ကြွေချိန် ကောင်းကင် မြင်ကွင်းကို ဖမ်းယူထားပြီး လာရောက်လည်ပတ်သူတွေက စကြာဝဠာရဲ့ မြင်ကွင်းကို တအံ့တဩ ကြည့်ခဲ့ကြပါတယ်။
“ကြယ်တဒါဇင်လောက်ကို ကျနော်တို့ တွေ့ခဲ့တယ်” လို့ သူ့ရဲ့မိသားစုနဲ့အတူ လာကြည့်တဲ့ တိုမီဆလာဗာ ဒီဗော်နစ်ခ်က ပြောပါတယ်။
မိုးရွာသလို ကြယ်ကြွေတဲ့ဖြစ်စဉ်ကို ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနားနိုင်ငံ ဗြဲလက်စ်နီဆာတောင်ကနေ မြင်တွေ့ရပြီး ဘော့စနီးယားစစ်ပွဲ အထိမ်းအမှတ် တင့်ကားအပေါ်ကနေ ကြယ်ကြွေနေတာကို ဗီဒီယိုထဲမှာ ပြသထားပါတယ်။
Source: Reuters











