DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် စားနပ်ရိက္ခာလိုအပ်ချက် ကပ်ဆိုးအဖြစ် ပြောင်းလဲနိုင်ဟု WFP သတိပေး
DVB
·
August 13, 2025
ရခိုင်ပြည်နယ် စားနပ်ရိက္ခာလိုအပ်ချက် ကပ်ဆိုးအဖြစ် ပြောင်းလဲနိုင်ဟု WFP သတိပေး
Donate to DVB

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ၊ ပိတ်ဆို့တားဆီးမှုတွေနဲ့ ရန်ပုံငွေ မလုံလောက်မှုတွေကြောင့် ဆာလောင်မွတ်သိပ်မှုတွေနဲ့ အာဟာရချို့တဲ့မှုတွေ တိုးလာနေပြီး လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဩဂုတ် ၁၂ ရက်မှာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

WFP ရဲ့ စစ်တမ်းတွေအရ ရခိုင်ပြည်နယ် အလယ်ပိုင်းမှာ အခြေခံစားနပ်ရိက္ခာတောင် ပြည့်စုံအောင် မစားနိုင်တဲ့ မိသားစုဦးရေဟာ ၂၀၂၄ ဒီဇင်ဘာလတုန်းက ၃၃ ရာခိုင်နှုန်း ရှိခဲ့ရာကနေ အခုဆိုရင် ၅၇ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ သိရပါတယ်။

ဒီအခြေအနေဟာ အလွန်ကို စိုးရိမ်စရာကောင်းနေသလို လက်ရှိ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်မြောက်ပိုင်းမှာဆိုရင် အခြေအနေ ပိုဆိုးနိုင်တယ်လို့ ခန့်မှန်းကြောင်း WFP က ထုတ်ပြန်ပါတယ်။

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က “လူတွေဟာ ပဋိပက္ခကြားမှာ ပိတ်မိနေပြီး ကိုယ့်ဝမ်းစာ ကိုယ်ရှာမစားနိုင်တော့ဘူး။ လူသားချင်းစာနာမှု အကူအညီတွေလည်း မရကြဘူး။ ဒါကြောင့် အကြွေးယူတာ၊ တောင်းရမ်းစားသောက်တာ၊ လူကုန်ကူးခံရတာတွေအထိ ဖြစ်လာနေတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလတုန်းကလည်း ရန်ပုံငွေမလုံလောက်မှုကြောင့် WFP က မြန်မာတနိုင်ငံလုံးက လူတသန်းကျော်အတွက် အကူအညီတွေကို ရပ်နားခဲ့ရပါတယ်။

လာမယ့် ၆ လအတွင်းမှာတော့ ရခိုင်ပြည်နယ်က လူပေါင်း ၂၇၀,၀၀၀ ကို ကူညီနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Dunford က ဒီအကျပ်အတည်းကို ချက်ချင်းမဖြေရှင်းနိုင်ရင် ကြီးမားတဲ့ကပ်ဆိုးတခု ဖြစ်လာနိုင်တယ်လို့လည်း သတိပေး ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013