DVB Logo
Home
မြန်မာသတင်း
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ထိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံ
DVB
·
November 25, 2014
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ထိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံ
Donate to DVB

ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာနိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထိုင်းဝန်ကြီးချုပ် ပရာယုသ် ကျန်အိုချာနဲ့ မနေ့က ထိုင်းအစိုးရအိမ်တော်မှာ တွေ့ဆုံခဲ့ကြစဉ်မှာ ထိုင်းတောင်ပိုင်း လူသတ်မှုနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောကြားခဲ့ပြီး ၂ နိုင်ငံ ဆက်ဆံရေးမှာ အရေးကြီးတယ်ဆိုတာ ထပ်လောင်းပြောဆိုခဲ့တယ်လို့ မြန်မာသံရုံးအထူးအဖွဲ့က ဦးထူးချစ်က ဒီဗွီဘီကို ပြောပါတယ်။

သူက “အဲဒီမှာရှိတဲ့ အဖွဲ့ဝင် ဦးကိုကိုမောင် (ခရီးစဉ်မှာလိုက်ပါလာတဲ့ အမျိုးသား လွှတ်တော် အကြံပေး) သူက ပြောပြချက်အရ အဓိကအားဖြင့် ကော့တောင်က (လိပ်ကျွန်းလူသတ်မှု) ကိစ္စနဲ့ပတ်သက်လို့ (ဦးခင်အောင်မြင့်က) တော်တော်ပြောဖြစ်ခဲ့တယ်။ အဓိက တရားဥပဒေ အတိုင်း လုပ်ပေးဖို့ ကိစ္စရယ်၊ ကျနော်တို့ မြန်မာပြည်သားတွေနဲ့ မြန်မာအစိုးရ ကိုယ်တိုင်က အဲဒီကိစ္စကို စိုးရိမ်တယ်ဆိုတဲ့အကြောင်း၊ နောက်တခုက အဲဒါတွေဟာ ကျနော်တို့ အခု အင်မတန်မှ ရင်းနှီးချစ်ခင်မှုရထားတဲ့ ထိုင်း-မြန်မာ ရေရှည်ဆက်ဆံရေးတွေပါ ထိခိုက်သွား နိုင်တယ် ဆိုတဲ့အကြောင်းတွေ ပြောခဲ့တယ်” လို့ ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယုသ် ကျန်အိုချာကတော့ စိတ်အေးအေးထားဖို့နဲ့  အကောင်းဆုံးဖြစ်အောင်  ဆောင်ရွက်ပေးပါမယ်လို့ ပြန်လည် ပြောကြားခဲ့တယ်လို့ဆိုပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ   ထိုင်း ဥပဒေပြုရေး အဖွဲ့အစည်းနဲ့ ဥပဒေရေးရာ ဆက်ဆံမှုတွေ ပိုလေးနက်အောင်ဆောင်ရွက်ဖို့   ဦးခင်အောင်မြင့် က ကတိပြုခဲ့ကြောင်း ထိုင်းအစိုးရပြောခွင့်ရသူ ဒေါက်တာ ယွန်င်ယုသ် မိုင်ယာ လာ့ပ်ရဲ့ ပြောကြားချက်ကို ကိုးကား ရေးသားပါတယ်။

ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုသ်ကလည်း ၂ နိုင်ငံ ကဏ္ဍပေါင်းစုံမှာ ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ရေး အထူးသဖြင့် ပြည်သူတွေကြား ဆက်ဆံရေး တိုးမြင့်အောင် လုပ်ဆောင်ကြမယ့် အကြောင်းနဲ့ မြန်မာအစိုးရအနေနဲ့ ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာ ထပ်လောင်း အတည်ပြုခဲ့တယ်လို့ ဒေါက်တာ ယွန်င်ယုသ်က ပြောပါတယ်။ တိုင်းပြည်မှာ ဒီမိုကရေစီပန်းတိုင်နဲ့ ပြုပြင်ပြောင်းလဲမှုကို ရရှိပိုင်ဆိုင်ရေးမှာ ဥပဒေပြု လွှတ်တော်က အရေးကြီး အခန်းကဏ္ဍကနေ အထောက်အကူပေးနေတာကို မြန်မာအစိုးရက မြင်တွေ့သိရှိရ တယ်လို့လဲ သူက ဆိုပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) လူသတ်မှုနဲ့ပတ်သက်လို့ မြန်မာဘက်က စေလွှတ်တဲ့ အဆင့်မြင့်ဆုံးကိုယ်စားလှယ်အဖွဲ့ဖြစ်ပါတယ်။

[caption id="attachment_71916" align="alignright" width="337"]ဓာတ်ပုံ - Bangkok Post ဓာတ်ပုံ - Bangkok Post[/caption]

ဒီလူသတ်မှုနဲ့စပ်လျဉ်းပြီး မြန်မာလူငယ် ၂ ဦးကို သံသယနဲ့ဖမ်းဆီးမှုနဲ့ပတ်သက်လို့ ဓားစာခံ အဖြစ် ဖမ်းဆီးခံရတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ထွက်ပေါ်ခဲ့သလို မြန်မာလူငယ် ၂ ဦးကလည်း ရဲထံမှာ ပေးထားတဲ့ သူတို့ရဲ့ ဖြောင့်ချက်ကို ပြန်လည်ရုပ်သိမ်းထားကြပါတယ်။

ဒီလူငယ် ၂ ဦးကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ကိစ္စကို တရားဥပဒေအရ မျှမျှတတ ဆောင်ရွက်ဖို့ သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့က ထိုင်းဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ် အတွင်းတုန်းကလည်း ပန်ကြားခဲ့ကြပါတယ်။

မနေ့ညနေ ၄ နာရီခန့်ကလည်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကိုယ်စား လွှတ်တော်အကြံပေးနှစ်ဦးနဲ့ သံရုံးအထူးအဖွဲ့တွေဟာ ထိုင်းရှေ့နေများကောင်စီက တာဝန်ရှိသူတွေကို တွေ့ဆုံခဲ့ကြတယ်လို့ ဦးထူးချစ်က ပြောပါတယ်။

“လက်ရှိ အခြေအနေတွေပေါ့။ ဘယ်လိုဖြစ်နေတာလဲ နောက်ဆုံး အခြေအနေတွေပေါ့၊ ရှေ့နေများကောင်စီက တင်ပြတာလည်း ရှိတယ်။ အစိုးရဘက်ကလည်း သူတို့သိချင်တဲ့ဟာတွေ မေးမြန်းသလို သူတို့ဘယ်လိုကူညီဆောင်ရွက်ပေးရမလဲဆိုတာ ပြောတာရှိတယ်။”

မနက်ဖြန် နိုဝင်ဘာ ၂၆ ရက်နေ့ကျရင်တော့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွီကျွန်းက အကျဉ်းထောင်မှာ ချုပ်နှောင်ခံ မြန်မာလူငယ် ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို သွားရောက်တွေ့ဆုံမှာဖြစ်သလို သူတို့ ၂ ဦးအတွက် တရားရုံးမှာ အာမခံလျောက်ကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013