DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် ARSA ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ
DVB
·
August 12, 2025
မောင်တောတွင် ARSA ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ARSA က ပစ်သတ်မှုကြောင့် ဒေသခံအမျိုးသား တယောက် သေဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့နယ် ခရားတန်းကျေးရွာက ကျေးရွာသား ၂ ယောက်ဟာ ရွာရဲ့အနောက်ဘက်က ချောင်းမှာ ငါးရှာနေစဉ်မှာ ARSA အဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးဒဏ်ရာရခဲ့ကြတာလို့ မောင်တောဒေသခံတယောက်က ပြောပါတယ်။

“သူတို့နှစ်ဦးက ရွာရဲ့အနောက်ဘက်မှာရှိတဲ့ ချောင်းမှာ ငါးရှာနေကြတဲ့အချိန်မှာ ARSA အဖွဲ့ဝင်တွေ ရောက်လာကြပြီးတော့ သေနတ်နဲ့ပစ်ခတ်တာလို့ သိရတယ်။ တဦးကတော့ ပစ်ခတ်ခံရတဲ့ နေရာမှာတင် ဆုံးသွားပြီးတော့ နောက်တဦးက သေနတ်ဒဏ်ရာနဲ့ ထွက်ပြေးနိုင်ခဲ့တာကြောင့် အသက်ဘေးက ကပ်ပြီးတော့ လွတ်မြောက်သွားတာ။ မောင်တောရဲ့ အခြေအနေက ဘယ်နေရာမှာမှ လုံခြုံမှုမရှိဘူး” လို့ ပြောပါတယ်။

ARSA အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် မောင်တောမြိုနယ်၊ ခရားတန်းကျေးရွာက ဦးမဲထွန်းလှ (၅၄ နှစ်) သေဆုံးပြီး ဦးလှမောင်သိန်း (၃၀ နှစ်) က ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

မောင်တောမြို့နယ်အတွင်းမှာ ၂၀၂၄ ခုနှစ် အစောပိုင်းကတည်းက ARSA အဖွဲ့ရဲ့ ချုံခိုတိုက်ခိုက်မှုတွေကို ဆက်တိုက်ရင်ဆိုင်ခဲ့ရပြီး AA တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေ အပါဝင် ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၃၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်ရဲ့ မောင်တောနဲ့ ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲတွေမှာ ARSA အဖွဲ့ဟာ စစ်ကောင်စီနဲ့အတူ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့သလို လက်ရှိမှာလည်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို အခြေပြုပြီး ချုံခိုတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013