DVB Logo
Home
နိုင်ငံတကာ
ဂါဇာကို စစ်ရေးအရ ထိန်းချုပ်မည့် အစ္စရေးအစီအစဉ်ကို အာရပ်နှင့် အစ္စလာမ္မစ်အုပ်စု ရှုတ်ချ
DVB
·
August 11, 2025
ဂါဇာကို စစ်ရေးအရ ထိန်းချုပ်မည့် အစ္စရေးအစီအစဉ်ကို အာရပ်နှင့် အစ္စလာမ္မစ်အုပ်စု ရှုတ်ချ
Donate to DVB

၂၃ နိုင်ငံပါတဲ့ အာရပ်အဖွဲ့ချုပ်နဲ့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့နဲ့အတူ ဂါဇာကမ်းမြောင်ဒေသဆိုင်ရာ အာရပ်-အစ္စလာမ္မစ် ပူးတွဲအထူးထိပ်သီးစည်းဝေးပွဲက တာဝန်ပေးခဲ့တဲ့ ၀န်ကြီးများကော်မတီက ဂါဇာကို အပြည့်အ၀ထိန်းချုပ်မယ့် အစ္စရေးရဲ့ ရည်ရွယ်ချက်ကို အပြင်းအထန် ရှုတ်ချပြီး ပယ်ချခဲ့ပါတယ်။

အီဂျစ်၊ ပါလက်စတိုင်း၊ ကာတာ၊ ဂျော်ဒန်၊ ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဘာရိန်း၊ အိုမန်၊ ယီမင်၊ ဆူဒန်၊ လစ်ဗျား၊ မော်ရီတေးနီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ချဒ်၊ ဂျီဘူတီ၊ ဆိုမာလီယာ၊ တူရကီတို့ အပါအဝင် နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေက အစ္စရေးရဲ့ ရည်ရွယ်ချက်ကို အန္တရာယ်ရှိပြီး လက်မခံနိုင်တဲ့ ကျယ်ပြန့်ပြင်းထန်မှုအဖြစ် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာဥပဒေတွေကို အထင်အရှား ချိုးဖောက်မှု၊ တရားမ၀င်သိမ်းပိုက်မှုနဲ့ နိုင်ငံတကာ တရားဝင်မှုကို ဆန့်ကျင်ပြီး မြေပြင်ပေါ်မှာ အတင်းအဓမ္မ လိုက်လျောညီထွေဖြစ်စေရေး ကြိုးပမ်းချက် ဖြစ်တယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အစ္စရေးရဲ့ ကြေညာထားတဲ့ လုပ်ရပ်ဟာ သတ်ဖြတ်ခြင်းနဲ့ အစာအငတ်ထားခြင်း၊ ပါလက်စတိုင်းမြေကို အတင်းအကျပ် ရွှေ့ပြောင်းခိုင်းပြီး သိမ်းပိုက်ဖို့ ကြိုးပမ်းခြင်း၊ အခြေချ နေထိုင်လာသူတွေကို အကြမ်းဖက်ဝါဒနဲ့ အခြေချနေထိုင်တဲ့ ရာဇ၀တ်မှုတွေဖြစ်လို့ ဒါဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်တယ်လို့ ကြေညာချက်က သတိပေးထားပါတယ်။

အစ္စရေးရဲ့ လုပ်ရပ်တွေဟာ ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းမှန်သမျှကို ချေဖျက်ပစ်ပြီး ပဋိပက္ခ အရှိန်လျှော့ချရေးနဲ့ ငြိမ်းချမ်းတဲ့ ဖြေရှင်းရေးဆိုင်ရာ ဒေသတွင်းနဲ့ နိုင်ငံတကာ ကြိုးပမ်းမှုတွေကို ပျက်ပြားစေပြီး ပါလက်စတိုင်း ပြည်သူတွေအပေါ် ပြင်းထန်တဲ့ ချိုးဖောက်မှုတွေကို ပိုမိုဆိုးရွားစေတယ် လို့လည်း ကြေညာချက်က ထပ်လောင်း ပြောထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသ၊ အနောက်ဘက်ကမ်းနဲ့ အရှေ့ဂျေရုဆလင်တို့မှာ အစ္စရေးရဲ့ ကျူးကျော်မှုကို ချက်ခြင်း ကျယ်ကျယ်ပြန့်ပြန့် ရပ်တန့်ဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဂါဇာကမ်းမြောင်ဆီ ခြွင်းချက်မရှိ ဝင်ရောက်ဖို့နဲ့ ကယ်ဆယ်ရေးအေဂျင်စီတွေ လွတ်လွတ်လပ်လပ် လုပ်ငန်းလည်ပတ်ခွင့်တို့ကို နိုင်ငံတွေနဲ့ အစုအဖွဲ့တွေက တောင်းဆိုခဲ့ကြပါတယ်။

အီဂျစ်၊ ကာတာနဲ့ အမေရိကန်တို့က အပစ်အခတ်ရပ်စဲရေး အောင်မြင်ပြီး အကျဉ်းသားတွေနဲ့ ဓားစာခံတွေ လဲလှယ်ရေး သဘောတူညီချက်ရဖို့ ဖျန်ဖြေပေးရေး ကြိုးပမ်းချက်တွေကို ထောက်ခံကြောင်းလည်း ပူးတွဲထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံ အဖြေရှာရေးကသာလျှင် တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရနိုင်တယ်လို့လည်း ထပ်လောင်း အတည်ပြုထားပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဂါဇာမြို့တော်ကို သိမ်းပိုက်မယ့် အစီအစဉ်ကို လုံခြုံရေးကောင်စီက အတည်ပြုလိုက်ပြီလို့ သောကြာနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် အခု ကြေညာချက် ထွက်လာတာလည်း ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013