DVB Logo
Home
မြန်မာသတင်း
အမျိုးသားလွှတ်တော်အတွက် ပြည်နယ်နှင့်တိုင်းများတွင် ပီအာစနစ်တပြေးညီ ကျင့်သုံးရန် ဆုံးဖြတ်
DVB
·
November 24, 2014
အမျိုးသားလွှတ်တော်အတွက် ပြည်နယ်နှင့်တိုင်းများတွင် ပီအာစနစ်တပြေးညီ ကျင့်သုံးရန် ဆုံးဖြတ်
Donate to DVB

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲတွေမှာ ပီအာ ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို တိုင်းဒေသကြီး/ ပြည်နယ်အားလုံး တပြေးညီကျင့်သုံးဖို့ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။

အချိုးကျကိုယ်စားပြုစနစ်(ပီအာ) ကျင့်သုံးရေး အကောင်အထည်ဖော်ရေး ကော်မရှင်ရဲ့  အစီရင်ခံစာကို လွှတ်တော်မှာတင်သွင်းပြီးနောက် မဲခွဲရာမှာ ထောက်ခံမဲ ၁၃၈မဲ၊   ကန့် ကွက်မဲ ၂၄ မဲကြားနေမဲ ၅ မဲနဲ့  အနိုင်ရပြီး အတည်ပြုဆုံးဖြတ်လိုက်တာပါ။

national parlimentပီအာစနစ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီခြင်းမရှိတဲ့အတွက် ပြည်သူ့ လွှတ်တော်မှာ မကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် အခု အမျိုးသားလွှတ်တော်မှာ ပီအာစနစ်ကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်တာပါ။

ပီအာစနစ် မကျင့်သုံးဖို့ ဒီကနေ့လွှတ်တော်မှာ ကန့်ကွက်ခဲ့ကြသူအများစုဟာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေဖြစ်ပါတယ်။

မွန်တိုင်းရင်းသားအမတ်တဦးဖြစ်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးတင့်လွင်က “ပြည်သူ့လွှတ်တော်မှာ တောင်မှမဖြစ်ဘူးဆိုတော့ အမျိုးသားလွှတ်တော်က အခြေခံဥပဒေနဲ့ ညီညွတ်တယ်ဆိုတော့ တွေးစရာကြီးဖြစ်နေတယ် ကော်မရှင်အဖွဲ့က တင်လိုက်တဲ့ဟာက အမျိုးသားလွှတ်တော်ကို ပီအာစနစ်နဲ့ ကျင့်သုံးမယ်ဆိုရင် အခြေခံဥပဒေနဲ့ ညီပါတယ်ပေါ့ ပြည်သူ့လွှတ်တော်မှာကျတော့ အခြေခံဥပဒေနဲ့ မညီဘူးလို့ ခုံရုံးက ဆုံးဖြတ်ထားပြီးသားဟာကို အမျိုးသားလွှတ်တော်ကျတော့ ညီတယ်ဆိုတော့ အခြေခံဥပဒေက အဓိပ္ပါယ်နှစ်မျိုးများ ထွက်နေသလားလို့၊  ပီအာစနစ်ကျင့်သုံးမယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေ သေးတဲ့ ပါတီကတော့ ပျောက်သွားမှာပေါ့ဗျာ။ ဒါပေမယ့် ကျနော်တို့ ပါတီအနေနဲ့ကတော့ ဘယ်စနစ်ပဲဖြစ်ဖြစ် ရသင့်ရထိုက်တဲ့ ကိုယ်စားလှယ်အရေ အတွက်ကတော့ရမှာပဲ” လို့ ပြောပါတယ်။

ပီအာစနစ်ကို အမျိုးသားလွှတ်တော်မှာ ကျင့်သုံးနိုင်ရေးခုလို အတည်ပြုပြီးဖြစ်တာကြောင့် အကောင်အထည်ဖော်ဖို့ ရွေးကောက်ပွဲကော်မရှင်ကို  ဆက်လက်ပေးပို့သွားမှာဖြစ်ပါတယ်။

ပီအာစနစ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကိုက်ညီမှု မရှိကြောင်း လေ့လာတွေ့ရှိပါက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းက လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးရဲ့အဆုံးအဖြတ်ကို ရယူနိုင်မယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013