
ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေဘယ်လိုဆက်ဖ်ဟာ ကလီနင်ဂရဒ်ဒေသရှိ ရုရှားရဲ့ ဘောလ်တစ်ရေတပ် အခြေခံအဆောက်အအုံတွေကို ကြည့်ရှု စစ်ဆေးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၉ ရက်မှာ ပြောပါတယ်။
ဦးစားပေးအနေနဲ့ ကလီနင်ဂရဒ်ဒေသမှာ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်တာတွေကို ကမ်းရိုးတန်းမှာ စောင့်ကြည့်ရေးစနစ်နဲ့ ကာကွယ်ရေးစနစ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်မြှင့်တင်ဖို့ စစ်ဆေးတာလို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးဟာ ဒေသဆိုင်ရာ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေကိုလည်း စစ်ဆေးခဲ့ပါတယ်။
အဲဒီနောက် တိုက်ခိုက်ရေးတာဝန်တွေ ထမ်းဆောင်တဲ့ တပ်မှူးတွေရဲ့ အစီရင်ခံစာတွေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ထိထိရောက်ရောက် တန်ပြန်ဖို့ ဆောင်ရွက်နေတဲ့ အစီအမံတွေကို နားထောင်ခဲ့ပါတယ်။
သူ့ခရီးစဉ်အပြီးမှာ ရုရှားကာကွယ်ရေးဦးစီးချုပ်ဟာ ဘောလ်တစ်ရေတပ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ညွှန်ကြားချက်တွေ ပေးအပ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ပါတယ်။
Source: Reuters











