
အိန္ဒိယနိုင်ငံမှာ ပိုးဟပ်လို့နာမည်ပေးထားတဲ့ လူငယ်လှုပ်ရှားမှုခေါင်းဆောင် အဘီဂျစ်ဒီးပ်ကီကို အိန္ဒိယတရားရုံးက အောက်တိုဘာ ၁၇ ရက်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
သူဟာ နိုင်ငံရဲ့ရွေးကောက်ပွဲ ကော်မရှင်အကြီးအကဲ နုတ်ထွက်ဖို့ တောင်းဆိုရင်း မြို့တော် နယူးဒေလီမှာ နောက်ထပ်ချီတက် ဆန္ဒပြပွဲကို ဦးဆောင်ဖို့ ကြိုးစားခဲ့တဲ့အတွက် အဖမ်းခံခဲ့ရတာပါ။
ပိုးဟပ်ဂျန်ဒါပါတီ CJP ရဲ့ ဥပဒေရေးရာဌာန အကြီးအကဲ ရတ္တနာဆင်းဂ်က ဒစ်ပ်ကီအနေနဲ့ သတ်မှတ်ချက်တချို့ကို လိုက်နာဖို့ သဘောတူအပြီး အာမခံနဲ့ ပြန်လွတ်လာတာလို့ ပြောပါတယ်။
ဒါပေမဲ့ အဲဒီသတ်မှတ်ချက်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဆင်းဂ်က ထုတ်မပြောခဲ့ပါဘူး။
ဝန်ကြီးချုပ် နာရန်ဒြာမိုဒီရဲ့ ဘာရာတီယာ ဂျာနာတာပါတီ (BJP) ကို အကျိုးဖြစ်ထွန်းစေတယ်လို့ သူတို့က ယူဆထားတဲ့ မဲစာရင်းပြင်ဆင်ချက်တွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုရင်း အခုလအတွင်း နေ့စဉ်နီးပါး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
Source: Reuters











