DVB Logo
Home
မြန်မာသတင်း
အရွယ်မရောက်သေးသည့် ကလေးစစ်သားများကို နုတ်ထွက်ခွင့်ပြု
DVB
·
November 24, 2014
အရွယ်မရောက်သေးသည့် ကလေးစစ်သားများကို နုတ်ထွက်ခွင့်ပြု
1 / 6
Donate to DVB

တပ်မတော်အတွင်းမှ အရွယ်မရောက်သေးသူ ကလေးသူငယ်တွေကို ပြန်လည်နုတ်ထွက် ခွင့်ပြုပြီး မိဘအုပ်ထိန်းသူတွေထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို အမှတ် ၁ စစ်ကြောရေး နှင့် တည်းခိုရေး စခန်း ရန်ကုန်မှာ နိုဝင်ဘာလ ၂၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ကိုယ်စားလှယ်တွေ၊ UNICEF, UNHCR, ILO, Save the Children, World Vision, World Food Programme, UNDP တို့မှ ကိုယ်စားလှယ်တွေ၊ အစိုးရအရာ ရှိကြီးတွေနဲ့ အုပ်ထိန်းသူ မိဘများနှင့် နုတ်ထွက်ခွင့် ပြုသည့် ကလေးစစ်သား ၈၀ ဦး တို့ တက်ရောက်ကြပါတယ်။

တပ်မတော်မှ နုတ်ထွက်ခွင့်ပြုလက်မှတ်၊ ၁၀ နှစ်မှ ၁၈ နှစ်ကြား နိုင်ငံရေး စိစစ်ရေး ကတ်ပြားကို ပေးအပ်ခဲ့ပါတယ်။

အခု လွှဲပြောင်း ပေးအပ်ပွဲဟာ အဌမ အကြိမ်ဖြစ်ပြီး  ၂၀၁၂ ခုနှစ်အတွင်း ကလေးစစ်သား ၆၆ ဦးနဲ့ ၂၀၁၃ ခုနှစ်အတွင်း ၁၁၀ ဦးတို့ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အခုနှစ် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ ပဉ္စမအကြိမ်အဖြစ် ၉၆ ဦး၊ သြဂုတ်လ ၁ ရက်နေ့က ဆဌမအကြိမ် ၉၁ ဦးနဲ့ သတ္တမ အကြိမ်အဖြစ် ၁၀၉  ဦးတို့ကို စက်တင်ဘာလ ၂၅ ရက်နေ့မှာ လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

 

[gallery ids="71877,71878,71879,71880,71881,71882"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013