
လက်ရှိကမ္ဘာ့ပဋိပက္ခတွေက နျူကလီးယားစစ်ပွဲတွေဆီ ထပ်ပြီးတွန်းပို့နေတယ်လို့ နာဂါဆာကီ မြို့တော်ဝန်က သတိပေးခဲ့ပါတယ်။
အဏုမြူဗုံးကြဲချခံရပြီး နှစ် ၈၀ ပြည့် အထိမ်းအမှတ်ကို ဂျပန်နိုင်ငံ နာဂါဆာကီမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မြို့တော်ဝန်က သတိပေးခဲ့တာပါ။
၁၉၄၅ ခုနှစ် ဩဂုတ် ၉ ရက်မှာ ဂျပန်အနောက်ဘက်မြို့ဖြစ်တဲ့ နာဂါဆာကီဟာ အမေရိကန်ရဲ့ ပေါင် ၁၀၀၀၀ ရှိ ပလူတိုနီယံ ဗုံး ၂၉၃ လုံးပါတဲ့ ဗုံးကို ကြဲချခံခဲ့ရတာဖြစ်ပါတယ်။
အဲ့ဒီအဏုမြူဗုံးကြောင့် နာဂါဆာကီမှာရှိတဲ့ လူဦးရေ ၂၀၀,၀၀၀ အနက် ၂၇,၀၀၀ ချက်ချင်း သေဆုံးခဲ့ပါတယ်။
၁၉၄၅ ခုနှစ်ကုန်မှာ အဏုမြူဗုံးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ ရေဒီယို သတ္တိကြွမှုတွေကြောင့် လူသေဆုံးမှုဟာ ၇၀,၀၀၀ အထိ ရောက်ရှိခဲ့ပါတယ်။
နာဂါဆာကီကို ဗုံးကြဲခံရမှုဟာ ဟီရိုရှီးမားမှာ ယူရေနီယံဗုံး ၂၃၅ လုံး ကြဲခံရမှုအပြီး ၃ ရက်အကြာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဏုမြူဗုံးကြဲချခံရပြီးနောက် ဩဂုတ် ၁၅ ရက်မှာ ဂျပန် တွေလက်နက်ချခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့ပါတယ်။
နာဂါဆာကီ အခမ်းအနားမှာ သေဆုံးခဲ့သူတွေအတွက် ငြိမ်သက် ဆုတောင်းပေးခဲ့ကြပြီး မြို့တော်ဝန် ရှီရိုဆူဇူကီးက နျူကလီးယားလက်နက်နဲ့ ပတ်သက်တဲ့ ဆိုးရွားမှုတွေကို သတိပေးခဲ့တာဖြစ်ပါတယ်။
“ကျနော့်အနားက လူတွေရဲ့ မျက်လုံးတွေ ပေါက်ထွက်ကုန်ပြီး ခန္ဓာကိုယ်တွေကလည်း ကျောက်တုံး တွေလို ပြန့်ကျဲ ကုန်ပါတယ်”လို့ ဆူဇူကီးက အဏုမြူဗုံးကြဲချချိန်မှာ ကြုံတွေ့ခဲ့ရသူရဲ့ အတွေ့အကြုံကို ပြန်ပြီး မျှဝေခဲ့ပါတယ်။
နာဂါဆာကီ အဏုမြူဗုံးကြဲချခံရပြီး နှစ် ၈၀ ပြည့်အခမ်းအနားကို အမေရိကန်၊ အစ္စရေးတို့ အပါအဝင် နိုင်ငံ ၉၅ နိုင်ငံက ကိုယ်စားလှယ်တွေ၊ အသင်းအဖွဲ့တွေလည်း တက်ရောက်ခဲ့ပါတယ်။
Source : Reuters











