DVB Logo
Home
မြန်မာသတင်း
ရက်ပေါင်း ၄၀ ပင်လယ်ထဲ မျောနေသည့် မြန်မာတံငါသည် ၃ ဦး နေရပ်ပြန်နိုင်ပြီ
DVB
·
November 24, 2014
ရက်ပေါင်း ၄၀ ပင်လယ်ထဲ မျောနေသည့်  မြန်မာတံငါသည် ၃ ဦး နေရပ်ပြန်နိုင်ပြီ
Donate to DVB

ပင်လယ်ထဲမှာ ၀ါးဖောင်ငယ်လေးနဲ့ ရက်ပေါင်း ၄၀ ကြာ အသက်ရှင်သန်နေခဲ့တဲ့ မြန်မာ ရေလုပ်သမား ၃ ဦး မိသားစုနဲ့ ပြန်လည်ဆုံတွေ့နိုင်ဖို့ နေရပ်ကို ပြန်နိုင်ပြီ ဖြစ်တယ်လို့  အိန္ဒိယနိုင်ငံထုတ်  သည်ဟိန္ဒူသတင်းမှာ ဖော်ပြပါတယ်။

အသက် ၃၀ ကျော်အရွယ် မြန်မာရေလုပ်သား ကိုထွန်းနိုင်ဦး၊ ကိုညီညီနဲ့ ကိုဇော်နိုင်ဦးတို့ဟာ ရန်ကုန်ပြန်ဖို့အတွက်  နိုဝင်ဘာ ၂၃ ရက်နေ့က ချနိုင်းမြို့ကနေ ကိုးလ်က္ကတား(ကာလက္ကတား)ကို ရထားနဲ့ ထွက်ခွာသွားဖို့ရှိတယ်လို့ဆိုပါတယ်။

မြန်မာရေလုပ်သားတွေဟာ ၂၀၁၃ အောက်တိုဘာလကတည်းက ပင်လယ်ပြင်မှာ ငါးဖမ်းထွက်စဉ် မုန်တိုင်းမိပြီး ပင်လယ်ထဲ မျောပါသွားခဲ့ကြတာပါ။

ဘင်္ဂလားပင်လယ်အော်မှာ လှေနဲ့ ကျောက်ချငါးဖမ်းနေတုန်း ရုတ်တရက် လေပြင်းမုန်တိုင်းတွေ တိုက်၊ လှိုင်းကြီးတွေ ရိုက်ခတ်တာကြောင့်  ကျောက်ဆူး ပြတ်ကာ ပင်လယ်ထဲ မျောပါသွားတာ ဖြစ်ပြီး ရက် ၄၀ ကျော်မှာ  ဗုဒ္ဓဘုရားမလို့ တမီလ်းနာဒူး ပြည်နယ်က ငါးဖမ်းလှေက တွေ့ရှိ ကယ်ဆယ်နိုင်ခဲ့တာလို့  ကိုညီညီက သတင်းမှာ ပြောပါတယ်။

[caption id="attachment_71859" align="alignright" width="343"]ဓာတ်ပုံ - thehindu.com ဓာတ်ပုံ - thehindu.com[/caption]မြန်မာငါးဖမ်းသမား ၃ ဦးဟာ  ပင်လယ်ထဲ စတင်မျောပါချိန်မှာ ထမင်း၊ ငါးခြောက်နဲ့ ရေအနည်းငယ် ၂ ရက်စာလောက်နဲ့   လှိုင်းကြီးလေကြီးထဲမှာ ဖြတ်သန်းခဲ့ရတာ ဖြစ်ပြီး  မိုးရေကိုသောက်၊ ငါးတွေ ဖမ်းစားပြီး အသက်ရှင်သန်အောင် ကြိုးစားခဲ့ရတယ်လို့ ကိုထွန်းနိုင်ဦး ကလည်း ပြောပါတယ်။

မြန်မာ ၃ ဦးဟာ အသက်ဘေးက လွတ်မြောက်လာခဲ့ပေမယ့် အိန္ဒိယရေပိုင်နက်ထဲကို တရားမ၀င် ၀င်ရောက်မှုနဲ့  ၁ နှစ်နီးပါး ထောင်ချခံခဲ့ရတာ ဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက်နေ့ကမှ နေရပ် ပြန်ပို့ဖို့ အမိန့်ကျလာတာ ဖြစ်ပါတယ်။

ဒါပြင် အိမ်ပြန်ဖို့  တရားဝင်အထောက်အထားတွေ ရရှိရေး စောင့်ဆိုင်းနေရလို့ အချိန်ကြာနေတာကို   ချနိုင်းမြို့ လူဝင်မှုကြီးကြပ်ရေးဌာနက  ရက်ကျော်နေထိုင်မှုနဲ့ မြန်မာတဦး  စီကို အိန္ဒိယ ရူးပီ ၁၁,၇၀၀ ဒဏ်ငွေ ရိုက်ခဲ့တယ်လို့လည်း သတင်းမှာ ရေးသားဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013