
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ရှင်းကျန်းပြည်နယ်မှာ ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ ကြိုးဆိုင်းတံတားတခု သြဂုတ် ၆ ရက်က ပြတ်ကျခဲ့လို့ လူ ၂၉ ယောက် ပြုတ်ကျခဲ့ပြီး ၅ ယောက် သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဆိုရှယ်မီဒီယာပေါ်ရှိ ဗီဒီယိုတွေမှာတော့ တံတားဟာ ကြိုးတွေပြတ်ကျပြီးနောက် တဖက်စောင်းနင်းဖြစ်သွားပြီး မြစ်ကမ်းနံဘေးရှိ ကျောက်ဆောင် မြေပြင်ပေါ်မှာ လဲလျောင်းနေကြတဲ့ ဒဏ်ရာရရှိသွားသူတွေကို ပြထားပါတယ်။
အသေအပျောက်စာရင်းကို ဒေသတွင်း ဆက်သွယ်ရေးဌာနက ဆင်ဟွာသတင်းဌာနကို အတည်ပြုခဲ့ပါတယ်။
ရှားထား ရှုခင်းသာဧရိယာကို ဘေးကင်းရေးစစ်ဆေးမှု လုပ်ဆောင်နေပြီး သြဂုတ် ၇ ရက်မှာ ယာယီပိတ်ထားမှာဖြစ်ကြောင်း ကျောင်းစူ ခရီးသွားလုပ်ငန်းဗျူရိုက ဗုဒ္ဓဟူးနေ့က WeChat ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။
Source: Reuters










