
DVB
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာ ရဲအရာရှိတယောက်က နိုင်ငံအရှေ့မြောက်ပိုင်း စိန့်သြဂတ်စတင်းမြို့က အိမ်နောက်ဖေး ရေကူးကန်ထဲကနေ မိကျောင်းငယ်တကောင်ကို ဆယ်ယူခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကို ဇူလိုင် ၂၅ ရက်က သူ့ရဲ့ကိုယ်မှာ တပ်ဆင်ထားတဲ့ ကင်မရာနဲ့ ရိုက်ကူး မှတ်တမ်းတင်ထားခဲ့ပြီး ဗီဒီယိုကို စိန့်ဂျွန်းမြို့နယ် ငြိမ်ဝပ်ပိပြားရေးရုံးက သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်ကနေ ကြော်ငြာခဲ့ပါတယ်။
“#TeamSJSO ဟာ စိန့်သြဂတ်စတင်းမြို့ အိမ်နောက်ဖေး ရေကူးကန်ကနေ မထင်မှတ်ထားတဲ့ ဧည့်သည်ကို ဖယ်ရှားခဲ့တယ်။ မိကျောင်းဟာ ရေကူးကန်ထဲမှာ နေတဲ့အချိန် ပြီးသွားတာနဲ့ ကင်းလှည့်ကား စီးသွားရတာကို မပျော်ပေမဲ့ ရဲအရာရှိ ရစ်ချက်ဆန်က သူ့ကို အနားက ရေအိုင်ထဲ ဘေးကင်းကင်း ပြန်လွှတ်ပေးခဲ့တယ်” လို့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးထားပါတယ်။
အရာရှိက မတုန်မလှုပ်ရှိနေပြီး ဗီဒီယိုထဲမှာတော့ မိကျောင်းနဲ့ စကားပြောနေတာကို ကြားနေရပါတယ်။ “မင်းစိတ်ဆိုးနေတာ ငါသိပါတယ်” လို့ ရဲက မိကျောင်းကို ပြောခဲ့ပါတယ်။
Source: Reuters











