DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် သက်သေခံလက်မှတ် CI ထုတ်ပေးမည်
DVB
·
August 5, 2025
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် သက်သေခံလက်မှတ် CI ထုတ်ပေးမည်
Donate to DVB

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity - CI) ထုတ်ပေးတော့မယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမား သံအရာရှိရုံးက ဩဂုတ် ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံက အလုပ်သမားဝန်ကြီးဌာနနှစ်ခု ပူးပေါင်းပြီး ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို စမွတ်စခွန်စခန်း၊ စမွတ်ပရာကန်စခန်း၊ ဆူရတ်ဌာနီစခန်းနဲ့ ချင်းမိုင်စခန်းတို့မှာ ဩဂုတ် ၆ ရက်ကစတင်ကာ လုပ်ဆောင်ပေးတော့မှာလို့ သိရပါတယ်။

CI သက်တမ်းကုန်ဆုံးဖို့ ၆ လအောက် ကျန်နေသူတွေ၊ သက်တမ်းကုန်ဆုံးနေသူတွေကို အသစ်လဲလှယ်ပေးတာ၊ ထိုင်းနိုင်ငံရဲ့ ဘတ်ကတ် (TR-38) လုပ်ငန်းစဉ်နဲ့အတူ CI စာအုပ်အသစ်တွေ ထုတ်ပေးတာ၊ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ အိမ်ထောင်စုစာရင်းနဲ့ CI စာအုပ်ရှိသူတွေကို အထောက်အထား စိစစ်ပြီးနောက် နိုင်ငံကူးလက်မှတ် (Passport for Thailand Only) ထုတ်ပေးတာနဲ့ Overseas Worker Identification Card – OWIC ကတ်ပြား ထုတ်ပေးတာတွေကို လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။

CI လုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ တနင်္လာနေ့တိုင်းနဲ့ ဘန်ကောက် မြန်မာသံရုံးက သတ်မှတ်ထားတဲ့ ရုံးပိတ်ရက်တွေကို အလုပ်နားရက်အဖြစ် သတ်မှတ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံကို ရွှေ့ပြောင်းရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၇ သန်းဝန်းကျင် ရှိနေတယ်လို့ ထိုင်းအရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013