DVB Logo
Home
မြန်မာသတင်း
ရပခတိုင်းမှူးနှင့် ဗထူးကျောင်းအုပ်ကြီးကို ရာထူးတိုးပေး
DVB
·
August 4, 2025
ရပခတိုင်းမှူးနှင့် ဗထူးကျောင်းအုပ်ကြီးကို ရာထူးတိုးပေး
Donate to DVB

စစ်ခေါင်းဆောင်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နဲ့ ဗထူးသင်တန်းကျောင်းက ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်နိုင်ဇော်ဦးတို့ကို တဆင့်မြင့်ရာထူး တိုးပေးလိုက်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်ကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့် တိုးပေးကာ ရန်ကုန်နဲ့ ဧရာဝတီတိုင်းက စစ်ဆင်ရေးတာဝန်ယူထားတဲ့ ကစထမှူး ၅ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် နေရာမှာ ခန့်ခဲ့တာလို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

“ဒုဗိုလ်ချုပ်ကြီးဖုန်းမြတ်ကို စစ်ရေးချုပ်တာဝန်ပေးပြီး သူ့နေရာမှာ ဗိုလ်ချုပ်ဇော်မင်းလတ်ကို ခန့်တယ်။ ရပခတိုင်းမှူးနေရာမှာ ဗထူးကျောင်းအုပ်ကြီး ခန့်တယ်။ ကက(ပြည်)က ဗိုလ်မှူးချုပ် ရဲရင့်အောင်ကို ဗိုလ်ချုပ်အဆင့်တိုးပေးပြီး ကက(ငွေ)မှာ ညွှန်ချုပ်အဖြစ်ခန့်တယ်။”

လစ်လပ်သွားတဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသား သင်တန်းတက်ခဲ့တဲ့ ဗထူးတပ်မြို့ ကြည်း တိုက်ခိုက်ရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်နိုင်ဇော်ဦးကို ဗိုလ်ချုပ်အဆင့်တိုးပေးကာ ခန့်ခဲ့တယ်လို့ သင်တန်းကျောင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ရဲဝင်းဦးက သူ့သား သင်တန်းတက်ကတည်းက ကျောင်းအုပ်ကြီးရဲ့ ကိုယ်ရေးအကျဥ်းကို ယူထားတာ။ သူဖြစ်စေချင်တဲ့အတိုင်း လုပ်ပေးတဲ့အတွက် ဗိုလ်မှူးချုပ်နိုင်ဇော်ဦးကို ရာထူးတိုးပေးတာ။”

အလားတူ စစ်ကောင်စီတပ် သတင်းမှန်ပြန်ကြာရေးအဖွဲ့ ဒုခေါင်းဆောင် ဗိုလ်မှူးချုပ်ရဲရင့်အောင်ကို ဗိုလ်ချုပ်အဆင့် တိုးပေးကာ ကက(ငွေ) ငွေစာရင်းရုံးမှာ ညွှန်ချုပ်အဖြစ် တာဝန်ပေးခဲ့ပါတယ်။

ဇူလိုင် ၃၁ ရက်က ဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ ညိုစော၊ အောင်လင်းဒွေး၊ တင်အောင်စန်း၊ မြထွန်းဦး၊ မိုးအောင်နဲ့ ဗိုလ်ချုပ်ထင်ကျော်သူ၊ ဗိုလ်ချုပ်တိုးရီတို့ကို တာဝန်ကနေ အနားပေးခဲ့ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အသစ်ထပ်မံဖွဲ့စည်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013