DVB Logo
Home
မြန်မာသတင်း
မန္တလေးအလုပ်သမား ၆၀၀ အလုပ်သမားအငြင်းပွားမှု ဥပဒေကို ကန့်ကွက်ဆန္ဒပြ
DVB
·
November 23, 2014
မန္တလေးအလုပ်သမား ၆၀၀ အလုပ်သမားအငြင်းပွားမှု ဥပဒေကို ကန့်ကွက်ဆန္ဒပြ
1 / 7
Donate to DVB

၂၀၁၂ အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေးဥပဒေနဲ့ ပတ်သက်တဲ့ ကန့်ကွက်ဆန္ဒပြပွဲတခုကို မန္တလေးမြို့မှာ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဦးဆောင်းပြုလုပ်ခဲ့ပြီး အလုပ်သမား ၆၀၀ လောက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဒီနေ့မနက်ပိုင်းက သမဂ္ဂအဖွဲ့ချုပ်ဝင် စက်မှုဇုန်အလုပ်သမား ၆၀၀ လောက်ဟာ မန္တလေးစက်မှုဇုန်ကို တပတ်ပတ်ပြီး ချီတက်ဆန္ဒပြခဲ့ကြတာလို့ သမဂ္ဂပြန်ကြားရေးတာဝန်ခံ ကိုသက်နှင်းအောင်က ပြောပါတယ်။ ဒီနေ့ ချီတက်ဆန္ဒပြခဲ့ကြတဲ့ အလုပ်သမားထုရဲ့ တောင်းဆိုချက်ကိုလည်း သူက ခုလို ပြောပါတယ်။

“အဓိကတောင်းဆိုတာက ၂၀၁၂ အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေးဥပဒေမှာ ထောင်ဒဏ်ထည့်သွင်းပေးရေး၊ အလုပ်သမားဘက်က ရပ်တည်မပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အလိုမရှိဆိုတာနဲ့ ၂၀၁၂ အလုပ်သမားအငြင်းပွားမှု ဥပဒေကို ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုတာပါ။”

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ဟာ ဒီနေ့ရက်စွဲနဲ့ပဲ ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပြီး အလုပ်သမားဥပဒေရေးဆွဲရာမှာ အလုပ်သမားများ ပါဝင်ခွင့်ပေးဖို့၊ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အလုပ်သမားဥပဒေတွေ ပြဋ္ဌာန်းတဲ့အခါ အလုပ်သမားတွေကို မျက်ကွယ်မပြုဘဲ အလုပ်သမားတွေဘက်က ပြတ်ပြတ်သာသား ရပ်တည်ပေးဖို့ စတဲ့အချက်တွေ အပါအ၀င် အချက် ၈ ချက် တောင်းဆိုဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်အနေနဲ့ အလုပ်သမားအငြင်းပွားဥပဒေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာ တကြိမ်ဆန္ဒပြခဲ့ကြပြီး အခု မန္တလေးမှာ ပထမအကြိမ်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

[gallery ids="71787,71788,71789,71790,71791,71792,71793"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013