DVB Logo
Home
အားကစား
ပြိုင်ဘက် ထိုင်းဖိုက်တာ နေမကောင်းဖြစ်နေသဖြင့် မြန်မာဖိုက်တာ သန့်ဇင်၏ ပွဲစဉ်ကို ရွှေ့ဆိုင်း
DVB
·
August 3, 2025
ပြိုင်ဘက် ထိုင်းဖိုက်တာ နေမကောင်းဖြစ်နေသဖြင့် မြန်မာဖိုက်တာ သန့်ဇင်၏ ပွဲစဉ်ကို ရွှေ့ဆိုင်း
Donate to DVB

ပြိုင်ဘက်ကစားသမား ထိုင်းဖိုက်တာ နေမကောင်းဖြစ်နေလို့ မြန်မာဖိုက်တာ သန့်ဇင်ရဲ့ ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။

သန့်ဇင်ဟာ သြဂုတ် ၈ ရက်မှာကျင်းပမဲ့ One Friday Fight 119 မှာ ထိုင်းဖိုက်တာ ဂင်ဆန်လတ်နဲ့ ခေါင်ပွဲ ထိုးသတ်သွားရမှာပါ။

ဒါပေမဲ့ ပြိုင်ဘက် ဂင်ဆန်လတ်က နေမကောင်းဖြစ်တာကြောင့် သတ်မှတ်ရက်မှာ ထိုးသတ်နိုင်မှာ မဟုတ်ဘဲ နောက်တပတ် သြဂုတ် ၁၅ ရက်မှာကျင်းပမယ့် One Friday Fight 120 ဆီ ရွှေ့ဆိုင်းခဲ့တာပါ။

အခုတပတ်မှာကျင်းပဖို့ရှိတဲ့ One Friday Fight 119  မှာ  သန့်ဇင်ရဲ့ ပွဲမရှိတော့ပေမဲ့ မြန်မာကိုယ်စားပြု မွန်လူမျိုး ဖိုက်တာ ဆွန်ရတ်နဲ့ စိန်လုံးချောတို့ရဲ့ပွဲစဉ် ၂ ပွဲကို အစားထိုး စီစဉ်ခဲ့ပါတယ်။

ဆွန်ရတ်က ခေါင်ပွဲအဖြစ်  ထိုင်းဖိုက်တာ စမင်ဒမ်နဲ့ ထိုးသတ်ရမှာဖြစ်ပြီး စိန်လုံးချောကလည်း ထိုင်းဖိုက်တာ  စနစ်လုသမ်နဲ့ ထိုးသတ်သွားရမှာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013