DVB Logo
Home
မြန်မာသတင်း
Sex Video ရိုက်ပြီး Live လွှင့်သူ တရုတ်နိုင်ငံသားအပါအဝင် ၅ ဦးကို ထောင်တသက် ချမှတ်
DVB
·
August 2, 2025
Sex Video ရိုက်ပြီး Live လွှင့်သူ တရုတ်နိုင်ငံသားအပါအဝင် ၅ ဦးကို ထောင်တသက် ချမှတ်
Donate to DVB

လူငယ်စုံတွဲတွေကို Sex Video ရိုက်ကူးပြီး Live လွှင့်တင်ခဲ့တဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် ၅ ယောက်ကို စစ်ခုံရုံးက ထောင်ဒဏ်တသက် ချမှတ်ခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာ ဩဂုတ် ၂ ရက် ဒီနေ့ ဖော်ပြပါတယ်။

ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်နေ အသက် ၂၆ နှစ်အရွယ် မောင် ++ နဲ့ သူ့ရဲ့ ရည်းစားဖြစ်သူ အသက် ၁၈ နှစ်အရွယ် မ ++ တို့ဟာ အလုပ်လုပ်ချင်တယ်ဆိုပြီး သူတို့နဲ့ ခင်မင်ရင်းနှီးတဲ့ ရွှေပြည်သာမြို့နယ်နေ မယုဝတီဆီမှာ အကူအညီတောင်းခံခဲ့တယ်လို့ ရဲတပ်ဖွဲ့ချက်ဆီက အချက်အလက်ကို ကိုးကားဖော်ပြထားပါတယ်။

မယုဝတီက အလုပ်ရမယ်လို့ပြောပြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ နဝဒေးအိမ်ရာကို လာဖို့ခေါ်တာကြောင့်သွားချိန်မှာ အဲဒီအိမ်မှာ မယုဝတီနဲ့ သူ့ယောကျ်ား ဇင်မင်းဦး၊ တရုတ် ဘာသာပြန် ရဲရင့်ဦး၊ တရုတ်နိုင်ငံသား ဒါရိုက်တာအားဂျယ်၊ ကြီးကြပ်သူ Lin Te၊ Sex Video ရိုက်ကူးသူ Wang Xiaofeng တို့နဲ့အတူ လူငယ်စုံတွဲ ၂ တွဲကိုတွေ့ရတယ်လို့ ဆိုပါတယ်။

အဲဒီစုံတွဲ ၃ တွဲကို Sex Video ရိုက်ကူးတဲ့ အလုပ် လုပ်ကိုင်ရမှာဖြစ်ပြီး လုပ်အားခအနေနဲ့ တလကို ငွေကျပ် ၁၁ သိန်းကနေ ၁၆ သိန်းလောက်ရမယ်လို့ စည်းရုံးပြောဆိုပြီး Sex Video ၃ ကြိမ်စီရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ဗွီဒီယိုတွေကို ချီထိုက် Application ကတဆင့် Live လွှင့်တင်ခဲ့တာကို စိစစ်တွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် Sex Video ရိုက်ကူးပြီး Live လွှင့်တင် ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူတွေဖြစ်တဲ့ မယုဝတီနဲ့ သူ့ယောကျ်ား ဇင်မင်းဦး၊ တရုတ်ဘာသာပြန် ရဲရင့်ဦး၊ တရုတ်နိုင်ငံသား အားဂျယ်(တိမ်းရှောင်)၊ Lin Te နဲ့ Wang Xiaofeng တို့ကို လှိုင်သာယာ(အရှေ့ပိုင်း) မြို့မရဲစခန်းမှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၈(က)(ခ)နဲ့ အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဇူလိုင် ၂၉ ရက်မှာ စစ်ခုံရုံးအဖွဲ့ ၃၈၊ စစ်ခုံရုံးဥက္ကဋ္ဌက ဖမ်းမိတရားခံ ၅ ယောက်ကို ထောင်ဒဏ်တသက်ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013