DVB Logo
Home
နိုင်ငံတကာ
ကိယက်ဗ်မြို့တော်ကို ရုရှားက အရက်စက်ဆုံး တိုက်ခိုက်ခဲ့ဟု ဇလန်းစကီးပြော 
DVB
·
August 2, 2025
ကိယက်ဗ်မြို့တော်ကို ရုရှားက အရက်စက်ဆုံး တိုက်ခိုက်ခဲ့ဟု ဇလန်းစကီးပြော 
Donate to DVB

ကိယက်ဗ်မြို့တော်ကို ရုရှားရဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ရှုတ်ချကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇလန်စကီးက သြဂုတ် ၁ ရက် ညနေပိုင်းမိန့်ခွန်းမှာ ပြောကြားလိုက်ပြီး ဒါဟာ အရက်စက်ဆုံး တိုက်ခိုက်မှုတွေပဲလို့လည်း ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် သာမန်လူနေ အဆောက်အအုံတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ဗလီတလုံး ပျက်စီးသွားပြီး ဒါတွေဟာ စစ်ရေးနယ်ပယ်နဲ့ လုံးဝ မသက်ဆိုင်တဲ့နေရာတွေဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

သမ္မတ ဇလန်စကီးက “ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ကိယိဗ်မှာ ပုံမှန်လူနေအဆောက်အအုံတခုကို တိုက်ရိုက်ထိမှန်ခဲ့ပြီးတော့ ဒုံးကျည်ကြောင့် လူ ၂၈ ယောက် သေဆုံးခဲ့ပါတယ်။ ကီယက်ဗ်မြို့ကို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်မှုကြောင့် ကလေး ၅ ယောက် အပါအဝင် စုစုပေါင်း ၃၁ ယောက် သေဆုံးခဲ့ပြီး လူပေါင်း ၁၅၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်”လို့ ပြောပါတယ်။

ယူကရိန်း ကယ်ဆယ်ရေးသမားတွေဟာ ကိယက်ဗ်မြို့ရှိ ပြိုကျတိုက်ခန်း အပျက်အစီးတွေထဲမှ ရုပ်အလောင်း တဒါဇင်ကျော်ကို ညတွင်းချင်း ဆယ်ယူရရှိခဲ့ပြီး ယူကရိန်းနိုင်ငံရဲ့ မြို့တော်ကို တနှစ်တာအတွင်း ရုရှားရဲ့ အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

ယူကရိန်းမြို့ကြီးတွေနဲ့ မြို့တွေကို အပြင်းအထန် တိုက်ခိုက်တဲ့ နောက်ဆုံးစစ်ဆင်ရေးမှာ ဇူလိုင် ၃၁ ရက်အစောပိုင်းမှာ ရုရှားနိုင်ငံက ဒရုန်း ၃၀၀ ကျော်နဲ့ ဒုံးကျည် ၈ စင်းတို့ကို ပစ်လွှတ်ခဲ့တဲ့ လှိုင်းပေါင်းစုံ တိုက်ခိုက်မှုကြောင့် စုစုပေါင်း ၁၅၉ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ 

ကမ္ဘာ့နိုင်ငံအများအပြားဟာ ယူကရိန်းကို ထောက်ခံကြောင်း ဖော်ပြကြပြီး ရုရှားရဲ့ အကြမ်းဖက်မှု၊ တိုက်ခိုက်မှုတွေနဲ့ စစ်ပွဲကိုအဆုံးသတ်ဖို့ ရုရှားရဲ့ ငြင်းဆိုမှုတွေကို ရှုတ်ချခဲ့ကြတယ်လို့လည်း ဇလန်စကီးက ပြောပါတယ်။

ဇလန်စကီးက “အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တွေဟာ စားပွဲပေါ်မှာပဲ အချိန်အတော်ကြာ ရှိနေပြီး၊ ယူကရိန်းအဆိုပြုချက်တွေ၊ အမေရိကန်အဆိုပြုချက်တွေနဲ့ ကမ္ဘာတဝန်းက တခြားနိုင်ငံ အတော်များများလည်း ရုရှားနဲ့ ဒီကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။ အကြိမ်တိုင်း၊ တခုတည်းသော တုံ့ပြန်မှုက စစ်ပွဲအတွက် အကြမ်းဖက်မှုအတွက် အချိန်ပိုဆွဲနိုင်ဖို့ ကြိုးပမ်းမှုဖြစ်ပြီး ဒါဟာ ရုရှားလုပ်ဆောင်တဲ့ တခုတည်းသော နည်းလမ်းပါပဲ” လို့လည်း ပြောပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013