
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ဟာ မန္တလေးမြို့က သတင်းစာဆရာ၊ စာရေးဆရာတွေနဲ့ ဒီနေ့ သီးခြားစီတွေ့ဆုံပြီး ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းမှာ ပါဝင်ကူညီလုပ်ဆောင်ပေးကြဖို့ ဆွေးနွေးခဲ့ပါတယ်။
[caption id="attachment_71758" align="aligncenter" width="512"]
တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ - myint maw tun)[/caption]
မန္တလေး လူထုစာပေတိုက် တွေ့ဆုံပွဲတက်ခဲ့တဲ့ စာရေးဆရာ၊ သတင်းစာဆရာ ကျော်ရင်မြင့်ကတော့ နိုင်ငံပိုင်သတင်းစာတွေ ပြောင်းလဲဖို့ လုပ်ဆောင်နေပုံနဲ့ မန္တလေးစာရေးဆရာတွေ အပတ်စဉ် စနေနေ့တိုင်း ၀င်ရောက်ရေးသားပေးကြဖို့ ဖိတ်ခေါ်သွားတဲ့အကြောင်း ပြောပါတယ်။











