
လာမယ့် သြဂုတ် ၈ ရက်မှာ ထိုင်းဖိုက်တာ ကင်ဆန်လတ်နဲ့ ထိုးသတ်သွားမယ့် မြန်မာဖိုက်တာ သန့်ဇင်ဟာ ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် နာမည်ကြီးချန်ပီယံ စူပါလတ်ရဲ့ နည်းပြနဲ့ လေ့ကျင့်နေပါတယ်။
ပြီးခဲ့တဲ့ ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ရတဲ့သန့်ဇင်ဟာ အခုတခေါက်ပွဲမှာ အနိုင်ရဖို့ အပြင်းအထန် လေ့ကျင့်နေပြီး ဇူလိုင် ၃၀ ရက်က ပြိုင်ပွဲကျင်းပမယ့် ထိုင်းနိုင်ငံကို ထွက်ခွာသွားတာပါ။
စူပါလတ်ရဲ့နည်းပြလည်းဖြစ် အစ်ကိုလည်းဖြစ်သူ ဖာဆိုင်းဟာ သန့်ဇင်ကို တံထောင်ရိုက်ချက်တွေ သင်ကြားလေ့ကျင့် ပေးနေတာကို သန့်ဇင်ရဲ့ ဆိုရှယ်မီဒီယာမှာ မြင်တွေ့ရပါတယ်။
သန့်ဇင်နဲ့ ထိုးသတ်မယ့် ကန်ဆန်လတ်ဟာ ဇူလိုင် ၄ ရက်က ထိုးသတ်ခဲ့တဲ့ နောက်ဆုံးပွဲစဉ်မှာ အလဲထိုးနဲ့အနိုင်ရထားပေမဲ့ စုစုပေါင်း ၆ ပွဲမှာ ၄ ပွဲရှုံးထားပြီး ၂ ပွဲပဲအနိုင်ရထားတာပါ။
One championship မှာထိုးသတ်ခဲ့တဲ့ ၄ ပွဲမှာ ၂ ပွဲဆက်နိုင်ပြီး ၂ ပွဲဆက်တိုက်ရှုံးနိမ့်ထားတဲ့ သန့်ဇင်အတွက် ကင်ဆန်လက်နဲ့ ပွဲစဉ်က သူ့ကစားသမားဘဝတက်လမ်းအတွက် အရေးပါတဲ့ပွဲစဉ်လည်း ဖြစ်ပါတယ်။











